ချစ်သူနဲ့ fashion ဆင်တူဝတ်ချင်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ couple fashion လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အင်္ကျီဆင်တူတွေဝတ်တာထက်စာရင် ဒီလို fashion ဆင်တူလေးတွေ၊ အင်္ကျီဆင်တူကိုမှ style မတူအောင် ဝတ်တာမျိုးလေးတွေက ပိုပြီးတော့လှသလို မိုက်လည်းမိုက်ပါတယ်။

တစ်ထည်ထဲ ဆင်တူဖြစ်နေတာမျိုး ဝတ်မယ့်အစား အရောင်တူတာလေးတွေကို ဒီလိုမျိုးလေး ဝတ်ကြည့်ပါ။ Perfect match ဖြစ်ပြီး အရမ်းလိုက်ဖက်ပါတယ်။

အပေါ်နဲ့အောက်ကို အရောင်ဆင်တူမဝတ်ပဲ ဒီလိုလေး opposite ဝတ်ကြည့်ပါ။ လိုက်ဖက်ပြီး ချစ်ဖို့ကောင်းပါတယ်။

ကောင်လေးဝတ်တဲ့ အင်္ကျီအရောင်အတိုင်း ကောင်မလေးက ဂါဝန်လေးဝတ်ပါ။ အဲ့တာဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ခရီးတွေသွားရင်လည်း ဒီလိုလေးတွေဝတ်တာက အရမ်းလိုက်ဖက်ပါတယ်။

ဆင်တူကိုမှ ချွတ်ဆွတ်တူနေတာမျိုးမဟုတ်ပဲ ကောင်လေးဝတ်ထားတဲ့ အရောင်လေးတွေပါတာမျိုးကို ကောင်မလေးက ရွေးချယ်ဝတ်ဆင်ထားတာမျိုးလေးက ဖက်ရှင်ကျပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုလေးဝတ်တာမျိုးဆိုရင် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ couple fashion လေးပါ။ အပြင်ထသွားထလာ ဝတ်မယ်ဆိုရင်တောင် အဆင်ပြေတာမျိုးလေးပါ။

ကောင်လေးဝတ်ထားတဲ့အင်္ကျီအရောင်အတိုင်း Dress လေးတွေ လိုက်ဝတ်တာက ဖက်ရှင်ကျပြီး လိုက်ဖက်သလို ချစ်ဖို့လည်းကောင်းပါတယ်။ ဆင်တူကြီးတွေထက် ဒါမျိုးလေးတွေက ပိုမိုက်ပါတယ်။

Suit လေးဝတ်ထားတဲ့အခါမှာ ဆင်တူဝတ်ချင်ရင် အရောင်ဆင်တူတဲ့ Dress လှလှလေး၊ suit နဲ့လိုက်တာလေးတွေကို တွဲဝတ်ပါ။ အရမ်းလိုက်ဖက်ပါတယ်။

ခရီးသွားတဲ့အခါမျိုးမှာဆိုရင် ဆွယ်တာဆင်တူလေးတွေကို ဒီလို style မတူအောင် ဝတ်လို့ရပါတယ်။ ဖက်ရှင်ကျပြီး လှလည်းလှပါတယ်။

ဒီလိုလေးတွေ ဆင်တူဝတ်တာဆိုလည်း အရမ်းမိုက်ပြီး လိုက်ဖက်ပါတယ်။ ဖက်ရှင်ကျပြီးတော့ကို perfect ဖြစ်နေတာပါ။

ဒီလိုလေးဆင်တူဝတ်တာလည်း ချစ်ဖို့ကောင်းတဲ့ couple fashion လေးဖြစ်လို့ ခရီးသွားတဲ့အခါတွေမှာ ဝတ်လို့အရမ်းလိုက်ပါတယ်။

Swimsuit ဝတ်ရင်တောင်မှ ကောင်လေးနဲ့ဆင်တူ ဒီလိုလေးဝတ်လို့ရပါတယ်။ အရမ်း Ro ပြီး ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com