နေ့ခင်းဘက်တွေဆို အပြင်မှာ ရာသီဥတုပူတော့ အဝတ်အစားဝတ်တဲ့အခါ ပေါ့ပါးမှုရှိပြီး စတိုင်လ်ကျစေမယ့် ဖက်ရှင်တွေကို ရွေးဝတ်ရတော့မှာပေါ့။ ဒီလိုအချိန်မှာ အတိုဝတ်တဲ့သူတွေကတော့ စကပ်တို၊ ဘောင်းဘီတို၊ ဂါဝန်တိုလေးတွေ ဝတ်ကြပါတယ်။ အတိုမဝတ်တဲ့သူတွေအတွက်လည်း ရာသီဥတုပူတဲ့အချိန်မှာ ပေါ့ပါးမှုရှိပြီး စတိုင်လ်ကျနေစေဖို့ လတ်တလောခေတ်စားနေတဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကြိုးတစ်လုံး Crop Top လေးတွေကို ခြေမျက်စိအထက်ရှိတဲ့ ဂျင်းအကျပ်လေးတွေနဲ့တွဲဝတ်တာက စတိုင်လ်ကျပြီး ချစ်စရာကောင်းသလို ပေါ့ပါးမှုလည်း ရှိစေပါတယ်။ ပူတဲ့ရာသီဥတုမှာ ဝတ်လို့အကောင်းဆုံးပါပဲ။

Crop Top အတိုလေးတွေဝတ်ရင် ဂျင်းဘောင်းဘီအကားလေးတွေနဲ့ တွဲဝတ်တာက ပိုပြီး ပေါ့ပါးမှုရှိစေပါတယ်။ လတ်တလောခေတ်စားနေတဲ့ ဖက်ရှင်လေးလည်း ဖြစ်တာကြောင့် စတိုင််လ်ကျနေမှာပါ။

ပူတဲ့ရာသီဥတုနဲ့ ပေါ့ပါးမှုအရှိဆုံးနဲ့ ဝတ်လို့အကောင်းဆုံးကတော့ T Shit အပွလေးတွေပါပဲ။ အရောင်ဆိုရင်တော့ အဖြူရောင်က ဝတ်လို့အကောင်းဆုံးပဲမို့ ဂျင်းဘောင်းဘီအရောင်ဖျော့တာလေးတွေနဲ့သာ တွဲဝတ်ပါ။ ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်လေးပါပဲ။

Shoulder Off လက်တိုလေးတွေက လှလည်းလှသလို ပူတဲ့အချိန်မှာဝတ်ရင်လည်း ပေါ့ပါးမှုရှိစေပါတယ်။ ကိုယ်က အတိုမဝတ်ဘူးဆိုရင် ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့သာတွဲဝတ်။ ရိုးရိုးလေးနဲ့ လှနေမှာပါ။

မိန်းကလေးဆန်တဲ့ အင်္ကျီလှလှလေးကိုမှ အေးတဲ့အသားလေးတွေ၊ လက်ပြတ်လေးတွေ၊ လက်တိုလေးတွေကို ရွေးပြီး ဂျင်းဘောင်းဘီအရှည်လေးနဲ့ တွဲဝတ်ပါ။ ရိုးရိုးလေးနဲ့ ချစ်စရာကောင်းပြီး ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

ကိုရီးယားဆန်တဲ့ဖက်ရှင်လေးတွေကြိုက်ရင် လတ်ပြတ်အင်္ကျီအပွလေးတွေကို ဘောင်းဘီအရှည်အကားလေးတွေနဲ့ တွဲဝတ်ပါ။ ဝတ်ရတာလည်း အရမ်းပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

ပွဲတွေသွားစရာရှိတဲ့အခါမျိုးဆိုရင် Bell Pant လေးတွေကို ကြိုးတစ်လုံးလှလှလေးတွေနဲ့ တွဲဝတ်လိုက်ပါ။ လှပပြီးဆွဲဆောင်မှုရှိစေတဲ့ ဖက်ရှင်လေးဖြစ်တဲ့အပြင် ပူတဲ့ရာသီဥတုမှာလည်း ဝတ်လို့ အကောင်းဆုံး ဖြစ်မှာပါ။

အခုခေတ်စားနေတဲ့ Crop Top လက်တိုအကျပ်လေးတွေကိုလည်း ဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်လိုက်ရင် လူငယ်ဆန်ပြီး ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။

Photo Source: www.pinterest.com