ဆံပင်ကို အမျိုးမျိုးပြင်ဆင်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ တရုတ်မလေးတွေ ပြင်ဆင်လေ့ရှိတဲ့ ချစ်ဖို့ကောင်းတဲ့ Hairstyle လေးတွေကို မျှဝေပေးလိုက်ပါတယ်။ Hairstyle ဆန်းတာလေးတွေလည်း ပါတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ ဆံပင်ကို အမျိုးမျိုး ပြင်ဆင်ရတာ ကြိုက်တဲ့သူတွေကတော့ သဘောကျမှာပါ။

ဒီ Hairstyle လေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို မိုက်လည်းမိုက်ပါတယ်။ အထာကျကျ ဖက်ရှင်လေးတွေနဲ့ဆို ပိုလိုက်ပါတယ်။

လူငယ်ဆန်ပြီး Active ဖြစ်တဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် Hairstyle လေးပါ။

ဆံပင်ကို ဒီလိုလေး ကျစ်ဆံမြီးကျစ်တာဆိုလည်း ချစ်ဖို့ကောင်းပါတယ်။ ကလစ်လှလှလေးတွေသာ တပ်ပါ။

ကျစ်ဆံမြီးနှစ်ဖက်ခွဲပြီးကျစ်ရတာမျိုးကို ကြိုက်ရင်တော့ ဒီလိုပုံစံလေးတွေ အမျိုးမျိုးလုပ်ပြီး ကျစ်လို့ရပါတယ်။

ဆံပင်ကို ဒီလိုပြင်ဆင်တာမျိုးလေးတွေဆိုရင် ထသွားထလာအတွက်တင်မဟုတ်ပဲ ပွဲတက်အတွက်ပါ အရမ်းအဆင်ပြေပြီး ချစ်ဖို့ကောင်းနေမယ့် Hairstyle လေးတွေပါ။

ကျစ်ဆံမြီးကို စုစည်းလိုက်၊ နှစ်ဖက်ခွဲစည်းလိုက်နဲ့ ရိုးလာရင် ဒီလိုအများကြီးကျစ်လို့လည်း ရပါတယ်။ ဓာတ်ပုံရိုက်ရင် သူများထက်ဆန်းပြီး ချစ်ဖို့ကောင်းနေမယ့် Hairstyle လေးပါပဲ။

ကျစ်ဆံမြီးကျစ်ပြီး ဆံပင်ကို ဒီလိုလေးလုပ်တာဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ပူအိုက်တာလည်း သက်သာစေတဲ့ Hairstyle လေးပါ။

ဆံပင်ကိုနှစ်ဖက်ခွဲပြီး ဒီလိုလေးထုံးတာမျိုးဆိုလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ နွေရာသီလိုအချိန်မှာဆို ဒီလိုလေးပြင်ဆင်ထားရင် ပူအိုက်တာ သက်သာစေပါတယ်။

ဆံပင်ကို ဒီလိုလေးပြင်တာဆိုရင်လည်း ချစ်ဖို့ကောင်းပါတယ်။ နှစ်ဖက်ခွဲပြီးထုံးလည်း ချစ်ဖို့ကောင်းသလို ထိပ်မှာ ဒီလိုလေးထုံးလည်း ချစ်ဖို့ကောင်းတာပါပဲ။

Photo source:www.pinterest.com