ဓာတ်ပုံရိုက်ရတာ ဝါသနာပါပေမယ့် ကိုယ့်ဘာသာကိုယ် ပို့စ်ပေးဖို့အိုင်ဒီယာ မထွက်ဘူး၊ ပို့စ်မပေးတတ်ဘူးဆိုတဲ့ လူငယ်ကောင်မလေးတွေအတွက် Chinese Girl လေးရဲ့ ချစ်ဖို့ကောင်းတဲ့ ပို့စ်အိုင်ဒီယာတချို့ကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ဒီပို့စ်လေးတွေအတိုင်း ပို့စ်ပေးလို့ရတော့ အဆင်ပြေတာပေါ့။

အောက်မှာထိုင်ရိုက်တဲ့အခါ ချစ်ဖို့ကောင်းအောင် ဒီလိုလေး ထိုင်ရိုက်လို့ရပါတယ်။ ဂါဝန်လေးတွေ၊ စကပ်လေးတွေနဲ့ မိန်းကလေးဆန်ဆန်ဝတ်ထားရင်တော့ ပိုပြီးချစ်ဖို့ကောင်းနေမှာပါ။

ကြက်တောင်ရိုက်ရင်းနဲ့လည်း ဒီလိုလေးချစ်ဖို့ကောင်းအောင် ပို့စ်ပေးရိုက်လို့ရပါသေးတယ်။

ဒီပို့စ်လေးကတော့ သူ့လိုမျိုးကြက်တောင်ရိုက်တဲ့ ဘတ်တံတွေမပါလည်း အဲ့အတိုင်းလေးထိုင်ပြီး ဆံပင်ကိုင်ပြီး ပို့စ်ပေးလို့ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ ပုံကောင်းလေးထွက်လာမှာပါ။

မြက်ခင်းမှာထိုင်ရိုက်တဲ့အခါမှာတော့ ပေါ့ပါးလွတ်လပ်တဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းအောင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။

Lighting ကေင်းတဲ့နေရာမှာ ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးက လှပါတယ်။

အောက်မှာဒီတိုင်းထိုင်ရိုက်တဲ့အခါ ရှေ့တည့်တည့်ထိုင်ပြီးရိုက်ရတာ ရိုးလာရင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ ပို့စ်လေးပါပဲ။

Picnic ထွက်သလိုမျိုး ရိုက်တာလေးတွေကလည်း ခေတ်စားနေတာကြောင့် ဒီလိုလေး ပို့စ်ပေးရိုက်လို့ရပါတယ်။ ဆွဲဆောင်မှုရှိပြီး လှပနေမှာ သေချာပါတယ်။

ဒါကတော့ အိမ်မှာပျင်းတဲ့အခါ ရေခဲသေတ္တာရှေ့သွားပြီး ရိုက်လို့ရမယ့် ပို့စ်အိုင်ဒီယာလေးတွေ ဖြစ်ပါတယ်။

မြက်ခင်းလှလှလေးမှာ ရိုက်မယ်ဆိုရင် အမြဲထိုင်ပြီးပဲရိုက်နေကြတာဆိုတော့ အပြောင်းအလဲဖြစ်အောင် ဒီလိုလေးလှဲပြီး ပို့စ်ပေးရိုက်ကြည့်ပါ။

စက်ဘီးစီးရင်းနဲ့တောင်မှ ချစ်ဖို့ကောင်းအောင် ဒီလိုလေးပို့စ်ပေးရိုက်လို့ရပါသေးတယ်။

Photo source:www.pinterest.com