အခုနောက်ပိုင်းမှာ တက်တူးထိုးတာက မိန်းကလေးတွေလည်း အရင်ထက်ပိုပြီး ထိုးလာကြပါတယ်။ တချို့ကျတော့ အမိုက်စားတွေထိုးပေမယ့် တချို့ကျတော့လည်း ချစ်ဖို့ကောင်းတာလေးတွေ၊ သေးသေးလေးတွေ၊ ကိုယ်ချစ်တာလေးတွေနဲ့ ပတ်သက်တာတွေကို ထိုးကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကြောင်ချစ်တဲ့သူတွေအတွက် ချစ်စရာကောင်းတဲ့ ကြောင်ပုံတက်တူးဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပုံလေးဆိုလည်း ကဗျာတောင်ဆန်ပါသေးတယ်။ ကြောင်လေးက တိမ်ပေါ်ထိုင်နေတဲ့ပုံလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ကိုယ်ချစ်တဲ့ကြောင်ပုံလေးကို ဒီလိုမျိုးလေးထိုးတာလည်း အရမ်းချစ်ဖို့ကောင်းပါတယ်နော်။

ကိုယ့်ကြောင်လေးရဲ့ပုံကို တက်တူးထိုးမယ်ဆိုရင် ဒီလိုပုံလေးထိုးတာက မျက်နှာလေးသေချာပေါ်လွင်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

လုံးဝထင်းနေအောင်လို့ အကြီးကြီးထိုးချင်တယ်ဆိုရင် ဒီလိုလေးသာ ထိုးချပစ်ပါ။ တကယ့်အစစ်လေးအတိုင်းပဲ အရမ်းချစ်ဖို့ကောင်းလွန်းပါတယ်။ ကိုယ့်ကြောင်ပုံလေးကို ထိုးလို့လည်း အကောင်းဆုံးပါပဲနော်။

ကောင်မလေးတွေကျတော့ သေးသေးလေးပဲ ထိုးချင်တယ်ဆိုရင် ဒါမျိုးလေး ထိုးလို့ရပါတယ်။

ကြောင်လေးနှစ်ကောင်ထိုးချင်ရင်တော့ ဒီပုံလေးက ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ဒီပုံလေးကျတော့ လက်မှာထိုးရင် ပိုလှပါတယ်။

နားနောက်မှာလည်း ဒီလိုလေးထိုးလို့ရတယ်နော်။ ကိုယ့်ကြောင်ပုံစံလေးကို ထိုးလို့ရပါတယ်။

ဒီပုံလေးဆိုရင် ယောင်္ကျားလေးရော မိန်းကလေးရော ထိုးလို့အဆင်ပြေတဲ့ ပုံလေးပါ။ အကြီးကြီးလည်း မထိုးချင်ဘူး။ မျက်နှာလေးပဲ ထိုးချင်တာဆိုရင် ဒီပုံလေးက အရမ်းလှပါတယ်။ သူများထက်လည်း ဆန်းပါတယ်။

ကိုယ့်ကြောင်က ငပျင်းလေးဆိုရင် ဒီလိုလေးထိုးလို့ရသေးတယ်နော်။ ချစ်ဖို့ကောင်းတာပေါ့။

အေးဆေးပဲဆိုတဲ့ပုံလေးနဲ့ ကြောင်ဆရာကြီးအထာလေး ထိုးချင်ရင် ဒါမျိုးလေးထိုးလို့ရပါတယ်။ ချစ်ဖို့အရမ်းကောင်းပါတယ်။

ကောင်မလေးတွေထိုးမယ်ဆိုရင် ဒီပုံလေးက အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ပန်းလေးတွေနဲ့ လိပ်ပြာလေးတွေပါနေတာကြောင့် ပိုပြီးလှသွားတာပါ။

Photo source:www.pinterest.com