ကြောင်ချစ်တဲ့ ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Cat Paws လက်သည်းဒီဇိုင်း ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်လေ့ရှိသလို ကြောင်လေးတွေကိုလည်း ချစ်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးတွေကို သဘောကျမှာသေချာပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ မိန်းကလေးတိုင်း သဘောကျနှစ်သက်မှာပါ။ Baby pink color လေးလည်းဖြစ်တာကြောင့် မိန်းကလေးဆန်တဲ့ cute type လေးပဲ ဖြစ်ပါတယ်။

အရောင်တောက်တောက်လေးတွေကို ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ Cat Paws လေးအပြင် ခြစ်ရာလေးပါ ပါတာကြောင့် ကြောင်ချစ်သူလေးတွေ သဘောကျမှာပါ။

Cat Paws ကိုမှ ကြောင်ပုံလေးပါ ပုံဖော်ချင်တာဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက ရှင်းရှင်းလေးနဲ့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Cat Paws ကို ဒီလိုလေးပုံဖော်ရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ရိုးရိုးရှင်းရှင်းလေးမို့ ပိုသဘောကျမယ်လို့ ထင်ပါတယ်။

ကြောင်ပုံစံကိုမှ ဒီလိုတစ်ကောင်လုံးကိုပုံဖော်တာကလည်း အရမ်းလှပါတယ်။ Cat Paws တွေပါ တွဲပြီးပုံဖော်ရင်တော့ အရမ်းလှပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်သွားမှာပါ။

နည်းနည်းရှုပ်ပြီးမိုက်တာမျိုးလေး ကြိုက်ရင်တော့ ဒီလိုလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ Cat Paws ဒီဇိုင်းလေးကလည်း အရမ်းလှပါတယ်။

ဒီဇိုင်းအစုံပုံဖော်ရတာမျိုး ကြိုက်ရင်တော့ ဒီလိုမျိုးလေးလည်း ပုံဖော်လို့ရပါသေးတယ်။

ဒီ Cat Paws လက်သည်းဒီဇိုင်းလေးကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ ကြောင်ချစ်သူလေးတွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။

ဒီ Cat Paws လက်သည်းဒီဇိုင်းလေးကတော့ ရှင်းပါတယ်။ Cat Paws တွေချည်းပဲမို့ ကိုယ်တိုင်တောင် ပုံဖော်ကြည့်လို့ရပါသေးတယ်။

photo source:www.pinterest.com