ကြောင်ချစ်တဲ့ ကောင်မလေးတွေအတွက် လက်သည်းပုံဖော်တဲ့အခါမှာ ကြောင်ပုံလေးတွေ ပုံဖော်လို့ရအောင် ချစ်ဖို့ကောင်းတဲ့ ကြောင်လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကြောင်ပုံကိုမှ အရမ်းချစ်ဖို့ကောင်းတာလေး ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ လက်သည်းအချွန် အရှည်ထားတဲ့သူတွေအတွက် ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ကြောင်ပုံတွေပဲ အပြည့်ပုံမဖော်ချင်ဘူးဆိုရင် ဒီလိုဒီဇိုင်းအရောလေးတွေ ပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ကြောင်ပုံကိုမှ အပြည့်ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက လှပြီး ချစ်ဖို့ကောင်းပါတယ်။ ထင်းပြီး ပေါ်လွင်နေမယ့် ဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးကတော့ ဘယ်တော့မှရိုးမသွားပဲ လှနေမယ့် ဒီဇိုင်းလေးပါ။ အရောင်နဲ့ ဒီဇိုင်းလေးက အရမ်းကို လိုက်ဖက်နေတာပါ။

လက်သည်းအချွန်ထားတဲ့ ကောင်မလေးတွေအတွက် နောက်ထပ် ရှင်းပြီး ချစ်ဖို့ကောင်းနေစေမယ့် လက်သည်းဒီဇိုင်းလေးပါ။

အဖြူရောင်ဆိုးပြီး ကြောင်ကို တစ်ကိုယ်လုံးပါအောင် သေချာပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ကြောင်မျက်နှာပုံလေးပဲ ပုံဖော်ထားတာဖြစ်လို့ တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ အဖြူခံပေါ်မှာ ပုံဖော်လည်းလှသလို ပန်းရောင်လေးဆိုးပြီး ပုံဖော်လည်း လှပါတယ်။

အကြီးကြီးတွေ ပုံဖော်တာမျိုး မကြိုက်ဘူးဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ကြောင်မျက်နှာပုံလေးနဲ့ ခြေရာပုံလေးနဲ့ MEOW ရေးထားတာလေးတွေကအစ ချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။

ကြည့်လိုက်တာနဲ့ အရမ်းချစ်ဖို့ကောင်းနေစေမယ့် လက်သည်းဒီဇိုင်းလေးပါ။ ကြောင်ချစ်တဲ့ကောင်မလေးတိုင်း သဘောကျမယ့် ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

Photo source:www.pinterest.com