တက်တူးထိုးချင်ပေမယ့် အမြင်ရိုင်းမှာလည်းကြောက်တယ်၊ ချစ်ဖို့ကောင်းတာမျိုးလေးပဲ သေးသေးလေးထိုးချင်တယ်ဆိုတဲ့ လူငယ်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ ကာတွန်းပုံ တက်တူးဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Mickey Mouse ကြိုက်တဲ့ ကောင်မလေးတွေဆိုရင် ဒီလို Mickey Mouse တက်တူးလေး ထိုးကြည့်ပါ။

Stitch ကြိုက်တဲ့ ကောင်မလေးတွေဆိုရင် ဒီလို Stitch ပုံလေး တက်တူးထိုးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ကြောင်ချစ်သူလေးတွေဆိုရင်တော့ ဒီလိုပုံစံ ကြောင်တက်တူးဒီဇိုင်းလေးတွေ ထိုးလို့ရပါသေးတယ်နော်။

ကြောင်ပုံကိုမှ အပေါ်ကလို ခဲပုံစံမထိုးချင်ရင် ကာလာလေးနဲ့ ဒါမျိုးဒီဇိုင်းလေးထိုးဖို့ အကြံပေးချင်ပါတယ်။ အရမ်းချစ်ဖို့ကောင်းပြီး ပုံစံလေးလည်း ဆန်းပါတယ်။

ခွေးချစ်တဲ့သူတွေအတွက်ကတော့ ဒါမျိုးဒီဇိုင်းလေးတွေ ထိုးလို့ရပါတယ်။ ကိုယ်မွေးထားတဲ့ ခွေးမျက်နှာလေးကိုလည်း ဒီလိုမျိုး ထိုးလို့ရတာကြောင့် အမှတ်တရထိုးထားလို့ အရမ်းကောင်းပါတယ်။

နည်းနည်းဆန်းပြီး ချစ်ဖို့ကောင်းတဲ့ပုံစံ၊ မိုက်လည်းမိုက်တဲ့ပုံစံလေးကြိုက်ရင် ဒီပုံလေးကို ထိုးကြည့်ပါ။ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ လူငယ်ကောင်လေးတွေနဲ့လည်း လိုက်ပါသေးတယ်နော်။

Pikachu လေးကိုချစ်ရင် ဒီပုံလေးတက်တူးထိုးပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

Jerry လေးကိုချစ်ရင် Jerry ပုံ တက်တူးအမျိုးမျိုးလည်း ထိုးလို့ရပါတယ်။ ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆိုရင် အရမ်းလိုက်ပါတယ်။

Pooh ပုံလေးကြိုက်ရင်လည်း ထိုးလို့ရပါသေးတယ်နော်။ ဒါကတော့ အရမ်းကလေးဆန်တာကြောင့် ကြိုက်တဲ့သူရှားပေမယ့် တော်တော်တော့ ချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com