ဆံပင်ကိုအရှည်လေးထားပြီး အမျိုးမျိုးပြင်ဆင်ရတာကို ကြိုက်တဲ့သူတွေအတွက် အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ ကျစ်ဆံမြီး hairstyle လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေကတော့ ပိုပြီးကြိုက်မှာ သေချာပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် ဒီလိုကျစ်ဆံမြီးကျစ်တာလေးတွေက လူငယ်ကောင်မလေးတွေကြားမှာ ပိုပြီးခေတ်စားလာပါတယ်။

အရှေ့ဆံပင်ချတဲ့ကောင်မလေးတွေဆိုလည်း ဒီလိုလေးကျစ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

နားနောက်မှာ ကျစ်ဆံမြီးကျစ်ပြီး ဒီလိုကလစ်လေးတွေတပ်တာဆိုရင် လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်တာကိုမှ ထိပ်ကနေ ဒီလိုလေးကျစ်တာဆိုရင် အရမ်းလှသလို၊ ချစ်ဖို့လည်းကောင်းပါတယ်။ အပူဒဏ်လည်း သက်သာစေတဲ့ hairstyle လေးပါ။

ကျစ်ဆံမြီးကို ခုနကလို ထိပ်ကနေမကျစ်ပဲ ဒီလိုလေးကျစ်တာဆိုရင်လည်း အရမ်းလှပါတယ်။

ကျစ်ဆံမြီးတစ်ချောင်းချင်းစီကျစ်ထားတဲ့ ဒီ hairstyle လေးဆိုရင် အထာကျတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။

ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတာမျိုးဆိုရင်တော့ ဒီလိုလေးသာ ကျစ်ဆံမြီးကျစ်ကြည့်ပါ။

ဆံပင်အရောင်ဆိုးထားရင် ဒီလိုကျစ်ဆံမြီးလေးကျစ်ကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။

ဆံပင်ကို တစ်ဖက်သိမ်းပြီး ဒီလိုကျစ်ဆံမြီးကျစ်တာမျိုးလေးတွေလည်း အရမ်းလှတာကြောင့် ကျစ်ဆံမြီးကျစ်ရတာကြိုက်ရင် လုပ်ကြည့်သင့်ပါတယ်။

Cute type လေးတွေကြိုက်ရင်တော့ ဒီလို hairstyle လေး ကျစ်ကြည့်ပါ။ ဖက်ရှင်မျိုးစုံနဲ့ကို လိုက်ဖက်တဲ့ hairstyle လေးလည်းဖြစ်ပါတယ်။

သူများနဲ့မတူတဲ့ပုံစံလေးတွေလုပ်ချင်ရင်တော့ ကျစ်ဆံမြီးကို ဒီလို style လေးတွေကျစ်ကြည့်ပါ။ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com