လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ bracelet သေးသေးလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်တိုင်ဒီဇိုင်းအပ်ပြီးလုပ်ချင်တဲ့အခါမျိုးမှာဆိုရင် ဒီလိုပုံလေးတွေ၊ ဒီဇိုင်းလေးတွေက အရမ်းအသုံးဝင်စေပါတယ်နော်။ သေးသေးလေးတွေဆိုတော့ ဖန်စီဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ပန်းခက်ပုံစံလေးနဲ့ ဒီ bracelet လေးဆိုရင် မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။ ပန်းခက်လေးဖြစ်တာကြောင့် လူငယ်လေးတွေအပြင် မိန်းကလေးတိုင်းနဲ့ကို လိုက်ဖက်ပါတယ်။

လိပ်ပြာပုံစံလေးကြိုက်တဲ့သူတွေအတွက်တော့ ဒီ bracelet ဒီဇိုင်းလေးက ချစ်ဖို့ကောင်းပါတယ်။ ဖန်စီပဲဝတ်ဝတ်၊ ရွှေနဲ့ပဲဝတ်ဝတ် လှပါတယ်။

ဒီ bracelet လေးဆိုရင် ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်မှာပါ။

ဒီ bracelet လေးကျတော့ တစ်ခုလုံးကို ကျောက်လေးတွေနဲ့ဆက်ထားသလိုမျိုးပါ။ အရမ်းသေးပြီးမျှင်တာမျိုးမဟုတ်ပဲ နည်းနည်းပေါ်လွင်နေတာမျိုးကြိုက်ရင် ဒါလေးက ရိုးရိုးလေးနဲ့လှပါတယ်။

ဖန်စီဆန်တာလေးကြိုက်ရင်တော့ ဒီ bracelet လေးက ချစ်ဖို့ကောင်းပါတယ်။ လခြမ်းပုံစံလေးနဲ့ ဒီဇိုင်းလည်းဆန်းပါတယ်။

ရွှေကိုမှမျှင်မျှင်လေးလုပ်ပြီး အလယ်မှာ ဒီလိုလေးလုပ်ထားတာက မျက်လုံးလေးလိုဖြစ်နေပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ရိုးရိုးလေးနဲ့ကို ချစ်ဖို့ကောင်းတာပါ။

ဒီ bracelet လေးကျတော့ နှစ်ထပ်ပုံစံလေးနဲ့ ကိုယ့်နာမည်အစစာလုံးလေးထိုးထားမျိုးပါ။ ဖန်စီဆန်ပြီး ချစ်ဖို့ကောင်းလို့ ဒါလေးကိုတော့ လူငယ်ကောင်မလေးတွေ ပိုပြီးကြိုက်မယ်လို့ ထင်ပါတယ်။

photo source: www.pinterest.com