အပြာရောင်ကြိုက်တဲ့ မိန်းကလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ အပြာရောင်လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမယ့် လက်သည်းဒီဇိုင်းလေးတွေ ဖြစ်မှာပါ။

လက်သည်းပုံဖော်တဲ့အခါမှာ တချို့က ပန်းပွင့်လေးတွေပုံဖော်ရတာကို ကြိုက်ကြပါတယ်။ ပန်းပွင့်ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ပန်းပွင့်ကိုမှ ဒီလိုဒီဇိုင်းလေးလည်း ပုံဖော်လို့ရပါသေးတယ်။ ဒီလက်သည်းဒီဇိုင်းလေးကတော့ လူကြီးလူငယ်မရွေး လိုက်ဖက်တဲ့ပုံစံလေး ဖြစ်ပါတယ်။

လက်သည်းကို အပြည့်ပုံဖော်ရတာမကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ ဆိုးထားတဲ့ အပြာရောင်ကလည်း နုနုလေးဖြစ်တာကြောင့် ပိုပြီးချစ်ဖို့ကောင်းပါတယ်။

လက်သည်းနီကို မိုးပြာရောင်နုနုလေးဆိုးပြီး ပုံဖော်မယ်ဆိုရင် ဒီလိုတိမ်ပုံစံလေး ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

လူငယ်ကောင်မလေးတွေဆိုရင် အကြည်ရောင်လေးဆိုပြီး ဒီလိုလေး ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီဇိုင်းကလည်း မြင်နေကျပုံစံတွေနဲ့ လုံးဝမတူပါဘူး။

အပြာရောင်ကို အနု၊ အရင့် အားလုံးကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးသာ ပုံဖော်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ စပ်ထားတဲ့အရောင်လေးတွေကအစ အရမ်းလှပါတယ်။

အပြာရောင်ကို matte type လေးဆိုးရင်လည်း လှပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ကိုရီးယားဒီဇိုင်းဖြစ်ပြီး matte type လေးဆိုးပြီး ပုံဖော်ထားတာဖြစ်လို့ ချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အပြာရောင်လေးဆိုးပြီး လက်သည်းထိပ်မှာ အဖြူရောင်လေးဆိုးထားတာ အရမ်းလှပါတယ်။ လက်သည်းကို လေးထောင့်လေးထားပြီးဆိုးရင် ပိုလှမှာပါ။ ဒါဆိုရင် အိမ်မှာတောင် ကိုယ်တိုင်ဆိုးလို့ရပါသေးတယ်။

လက်သည်းကို ပန်းချီးတွေပုံတွေဆွဲပြီး ပုံမဖော်ချင်ရင် ဒီလိုဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ ဘိုဆန်ပြီး အရမ်းလှပါတယ်။

လက်သည်းအချွန်ထားတဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းကို ပုံဖော်လို့ရပါတယ်။ သူကျတော့ လက်သည်းအချွန်တွေနဲ့မှ ပိုလိုက်ပြီးလှတာပါ။

photo source:www.pinterest.com