Makeup ပြင်တဲ့အခါ ရှင်းရှင်းလေးနဲ့လှတာမျိုး၊ ချစ်ဖို့ကောင်းတာမျိုးကို ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ Balletcore Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Concealer နဲ့ အသားအရောင်မညီတဲ့နေရာ၊ မျက်ကွင်းညိုတဲ့နေရာတွေကို လိမ်းပါမယ်။

နောက်တစ်ဆင့်မှာမှ Foundation လိမ်းမှာပါ။ Foundation ကို သေချာလေး ပုတ်ပုတ်ပြီး လိမ်းပေးပါ။ ညီအောင်လိမ်းပေးဖို့လိုပါတယ်။

ပါးနီကို ပန်းရောင်လေးသုံးပါမယ်။ ပါးနီလိမ်းတဲ့အခါ ပါးရိုးတစ်လျှောက်ကနေ နားထင်ကိုတက်သွားတဲ့ ပုံစံလေး လိမ်းပေးပါ။

Powder လိမ်းပါမယ်။ Powder လိမ်းတဲ့အခါ Brush နဲ့ ပါးပါးလေးပဲ လိမ်းပေးပါ။

Eyeliner ကို Gel (သို့) Pencil သုံးပြီး အတွင်းသားကို ကပ်ဆွဲပေးပါ။ ပြီးမှ အညိုရောင် Eyeshadow နဲ့ ဘေးကို Wings လေးနည်းနည်းထွက်ပြီး ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးကို Natural Look လေးပဲ ဆွဲပေးပါ။

ပါးနီ Powder Type ပန်းရောင်လေးကို ထပ်လိမ်းပါမယ်။ Brush နဲ့ ပါးပါးလေးထပ်လိမ်းပြီး နှာခေါင်းနေရာတွေကိုပါ လိမ်းပေးပါ။

Highlighter ကိုတော့ Liquid Highlighter လေးသုံးပြီးတော့ ပါးရိုးနေရာလေးတွေကို လိမ်းပါမယ်။ နှာတံနဲ့ မေးစိကိုလည်း နည်းနည်းစီခြယ်ပါမယ်။

နှုတ်ခမ်းနီကို ပန်းရောင် (သို့) လိမ္မော်ညိုရောင် ဖျော့ဖျော့လေးပဲ ဆိုးပါမယ်။ Glow Look လေးဖြစ်အောင် Lip Gloss လေးထပ်ဆိုးပါမယ်။

ဒါဆိုရင်တော့ ချစ်ဖို့ကောင်းတဲ့ Balletcore Makeup Look လေးကို ရရှိသွားပါပြီ။