အဖြူရောင်ကြိုက်တတ်သူတွေရဲ့အကျင့်နဲ့ စိတ်နေစိတ်ထားက ထူးခြားပါတယ်။ ကျွန်မတို့ မိန်းကလေးအများစုရဲ့ ကလေးဘဝတုန်းက အကြိုက်ဆုံးအရောင်က ပန်းရောင်ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့အချိန် ကိုယ်အမှန်တကယ်ကြိုက်တဲ့အရောင်က ပန်းရောင်မဟုတ်မှန်းတဖြည်းဖြည်းနဲ့ သိလာပါတယ်။ အဖြူရောင်ကို ထူးထူးခြားခြားကြိုက်တဲ့ပျိုမေတွေကို တွေ့ရတာကြောင့် အဖြူရောင်ချစ်သူလေးတွေအကြောင်း ပြောပြပေးပါရစေနော်။

၁။ အဖြူရောင်ကြိုက်တတ်သူတွေက သပ်သပ်ရပ်ရပ်နေတတ်ကြပါတယ်။ ဆိုလိုတာက အသန့်ကြိုက်သူတွေပါ။ သူတို့ရဲ့ ဖိနပ်အဖြူလေးတွေကိုတစ်ယောက်ယောက် တက်နင်းမိတာ၊ တိုက်မိတာနဲ့ ပြာပြာသလဲ သန့်ရှင်းတတ်ကြပါတယ်။

၂။ သင်က အသန့်ကြိုက်သူတစ်ယောက်မို့ သင်နဲ့ ပေါင်းသင်းသူတွေကိုလည်း သင့်လိုပဲ ဖြစ်စေချင်ပါတယ်။ ပြောရရင် ချစ်သူရွေးရင်လည်း စံသတ်မှတ်ချက်တွေမှာ သန့်ရှင်းရမယ်ဆိုတာ ပါနေတတ်ပါတယ်။

၃။ သင်က ဘဝကို အချိုးကျကျ ကာရန်ညီညီနေထိုင်တတ်ပြီး အကောင်းမြင်စိတ်ရှိပါတယ်။

၄။ သတိကြီးပြီး ငွေကြေးကို တွက်ချက်သုံးတတ်ပါတယ်။ လက်တွေ့သမားတွေပါ။

၅။ မပြောခင်အမြဲစဉ်းစားတတ်ပါတယ်။ ကိစ္စတစ်ခုခုမလုပ်ခင် ဘာဖြစ်သွားမလဲ အကျိုးဆက်ကို အမြဲတွေးတတ်ပါတယ်။

၆။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ကြပါတယ်။

၇။ သင်က တစ်ယောက်တည်းနေတတ်ပါတယ်။ လူတွေဆီက အကူအညီတောင်းရတာကို လုံးဝမကြိုက်ပါဘူး။ ဒါကြောင့်လည်း တစ်ခါတလေ အထီးကျန်သမားကြီးတစ်ယောက်လို ဖြစ်နေတတ်ပါတယ်။

၈။ ရိုးရှင်းတဲ့ ဘဝပုံစံကိုပဲ အလိုရှိကြပါတယ်။

၉။ သင့်ရဲ့ပြည့်စုံတဲ့ပုံစံကို လူတွေကို မြင်စေချင်တာကြောင့် အားနည်းချက်တွေကို ဖုံးကွယ်ပြီးနေတတ်ပါတယ်။

၁၀။ ရှက်တတ်ပေမယ့် ရလာတဲ့အခွင့်အရေးကိုတော့ မလွတ်အောင် ဖမ်းဆုပ်တတ်ကြပါတယ်။

သင်က အဖြူရောင်နှစ်သက်သူဆိုရင် အဖြူရောင်ဖက်ရှင်လေးတွေကိုလည်း ဘယ်လိုဝတ်ရင်လှမလဲ ကြည့်ဖို့မမေ့နဲ့နော်။

  

Photo Source: Pinterest