မိန်းကလေးတိုင်းအတွက် နုပျိုတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် မိတ်ကပ်ပြင်ဆင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပေါ့ပါးတဲ့ makeup look လေးဖြစ်လို့ ထသွားထလာအတွက်လည်း အဆင်ပြေသလို နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အရမ်းအဆင်ပြေပါတယ်။

အရင်ဆုံး ကိုယ်လိမ်းနေကျမိတ်ကပ်လိမ်းပေးပြီး powder လိမ်းပေးပါ။ မိတ်ကပ်ကို makeup sponge နဲ့လိမ်းပြီး powder ကိုတော့ powder brush နဲ့လိမ်းပေးတာက မိတ်ကပ်သားပိုလှစေပါတယ်။

နှာတံဖော်ပြီးမှ မျက်ခုံးမွှေးဆွဲပါမယ်။

မျက်လုံးစခြယ်ဖို့အတွက် eyeshadow ခဲရောင်အဖျော့လေးကို မျက်ခွံပေါ်မှာခြယ်ပါမယ်။

အညိုရင့်ဘက်သွားတဲ့ eyeshadow ကို မျက်လုံးထောင့်နားလေးမှာ ခြယ်ပါမယ်။

အညိုရောင်အဖျော့လေးကို ပုံမှာပြထားတဲ့အတိုင်း မျက်ရစ်နားတစ်လျှောက်မှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားထောင့်လေးကိုလည်း ခြယ်ပါမယ်။

အညိုရင့်ဘက်သွားတဲ့ eyeshadow ကို eyeliner ဆွဲသလို wing လေးထွက်အောင် ဆွဲပေးပါ။ ပြီးမှ eyeliner နဲ့ ထပ်ဆွဲပေးပါ။ အမဲမသုံးပဲ အညိုရောင်လေးသုံးရင် ပိုကောင်းပါတယ်။

အဖြူရောင် (သို့) ရွှေရောင် glitter eyeshadow ကို မျက်လုံးအောက်နားလေးတွေမှာ နည်းနည်းခြယ်ပေးပါ။

Highlighter အဖြူရောင်လေးကို လက်ညှိုးနဲ့ယူပြီး မျက်ခွံပေါ်မှာ ခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကို အပေါ်၊ အောက် ကော့ပေးပါ။

နှုတ်ခမ်းနီကိုတော့ lip gloss လေးတွေ lip tint လေးတွေဆိုးပေးပါ။ ပိုပြီး ငယ်ရွယ်နုပျိုတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ပါးနီကိုတော့ ပန်းရောင်နုနုလေးတွေ၊ peach color နုနုလေးတွေ ခြယ်ပေးပါ။

နှာတံနဲ့ ပါးရိုးနှစ်ဖက်ကို highlighter အဖြူလေးခြယ်ပေးပါ။ ဒါမှ glow look လေးနဲ့ မျက်နှာလေးပိုလင်းပြီး လှနေမှာပါ။

ဒါဆိုရင်တော့ နုပျိုတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။