မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်ဒီတိုင်းချထားရတာ ရိုးလာလို့ ပုံစံဆန်းဆန်းလေးတွေပြင်ဆင်ချင်တဲ့ ပျိုမေတို့အတွက် လတ်တလော Social Media နဲ့ နိုင်ငံခြား Cele တွေကြား Trend ဖြစ်နေတဲ့ အမိုက်စား Hairstyle ပြင်ဆင်ပုံလေးတွေကို မျှဝေပေးချင်ပါတယ်နော်။ အချိန်သိပ်မပေးရတဲ့အပြင် ပြင်ဆင်ရလွယ်တဲ့ ပုံစံလေးတွေဖြစ်တာမို့ ထသွားထလာနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်ဖို့အတွက် အဆင်ပြေမှာပါ။ လူငယ်ဆန်တဲ့ပုံစံလေးတွေဖြစ်လို့ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ ကွက်တိပါပဲ။ ဒီတော့ ကြည့်လိုက်ရအောင်-

Spiky Bun

လတ်တလော Spiky Bun လို့ခေါ်တဲ့ ဆံထုံးပုံစံလေးက အရမ်းခေတ်စားပါတယ်နော်။ ဆံပင်ရှေ့နှစ်ဖက်ချပြီး အနောက်ဘက်ကိုလိမ်ကာ အဖျားပိုင်းလေးတွေထောင်နေအောင် နောက်ကလစ်နဲ့ပင့်ထားရတဲ့ပုံစံလေးပါ။

Baby Braids

ကျစ်ဆံမြီးအသေးလေးတွေကျစ်တဲ့ပုံစံလေးက ဘယ်တော့မှမရိုးပါဘူးနော်။ ဆံပင်ပုံမသွင်းချင်သူတွေအတွက်လည်း အရမ်းအဆင်ပြေတာမို့ ကျစ်ဆံမြီးအသေးလေးတွေကျစ်တဲ့ပုံစံမျိုး ပြင်ဆင်ကြည့်ပါ။


Bubble Braids

Bubble Braids လို့ခေါ်တဲ့ Hairstyle လေးကလည်း ကျစ်ဆံမြီးပုံစံကိုမှ ခေါင်းစည်းကြိုးအသေးလေးတွေနဲ့ အလည်ကိုခြားစည်းပြီး ကြားနေရာလေးကို ဖောင်းဖောင်းလေးဖြစ်အောင် လုပ်ရတာမျိုးပါ။ လူငယ်မိန်းကလေးတွေနဲ့အရမ်းလိုက်ဖက်သလို ကျစ်ဆံမြီးမကျစ်တတ်သူတွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်။


Space Buns

ဒီလို ဆံထုံးအသေးနှစ်ဖက်ပုံစံလေးကလည်း လူငယ်မိန်းကလေးတွေကြားခေတ်စားပါတယ်နော်။ ချစ်စရာကောင်းပြီး ငယ်ရုပ်လေးပိုပေါ်စေတာမို့ ဆံပင်ချထားမယ့်အစား ဒီလို စတိုင်လေးတွေလုပ်ကြည့်ပါ။


Hair Accessories

ဆံပင်ပုံစံခပ်ဆန်းဆန်းတွေစည်းရတာခက်တယ်ဆိုရင် ကလစ်အကြီး၊ အသေး၊ ဖဲကြိုး၊ ဘီးကုပ်လေးတွေစတဲ့ Hair Accessories လေးတွေဝတ်ပြီးအလှဆင်လိုက်ပါ။ အောက်မှာပြထားတဲ့ပုံစံလေးတွေကတော့ လတ်တလောခေတ်စားနေတဲ့ Hair Accessories လေးတွေပါ။


Half Up Pigtails

Pigtails ဆံပင်တစ်ဝက်စည်း နှစ်ဖက်ပုံစံလေးတွေကလည်း လူငယ်ဆန်ပြီး ချစ်စရာကောင်းတာမို့ ဆယ်ကျော်သက်လေးတွေနဲ့ အရမ်းလိုက်ဖက်မှာပါ။ နှစ်ဖက်ခွဲပြီး မြင့်မြင့်လေးစည်းလိုက်ရုံပဲမို့ Try ကြည့်ဖို့မမေ့ပါနဲ့နော်။

Photo Source: Pinterest, preview.ph

By MyStyle Myanmar