အခုနောက်ပိုင်းမှာ လက်သည်းနီဆိုးတာကိုလည်း ဖက်ရှင်တစ်ခုလိုမျိုး သေချာလှပအောင်ဂရုတစိုက်နဲ့ ဆိုးလာကြပါတယ်။ Gliter လက်သည်းနီလေးတွေကလည်း ခေတ်စားလာတော့ လက်သည်းမှာသေချာလေးဖန်တီးပြီး ဆိုးပေးတဲ့အခါမှာ လှပတဲ့လက်ချောင်းလေးတွေနဲ့ ထင်ရှားနေမှာအသေချာပဲလေ။ လက်ချောင်းလေးတွေမှာ မတူညီတဲ့အရောင်လေးတွေကို ဆိုးမယ်ဆိုရင်လည်း အရောင်တွေကလိုက်ဖက်မှုလေးရှိနေဖို့တော့ လိုတာပေါ့။

ဒါကြောင့် လှပတဲ့အရောင်လေးတွေနဲ့ ဆိုးထားတဲ့လက်သည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အရောင်နုနုလေးတွေကို ကြိုက်နှစ်သက်တဲ့ပျိုမေတို့အတွက် ဒီအရောင်လေးက မိန်းကလေးပိုဆန်စေပြီး ချစ်စရာကောင်းတဲ့အသွင်မျိုးကို ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။ ဘေးမှာဆိုးထားတဲ့ Glitter တွေကြောင့်လည်း လက်ချောင်းလေးတွေရဲ့ အလှက ပိုပြီးတော့ပေါ်လွင်နေစေတာပေါ့။

Nude အရောင်လေးတွေကိုကြိုက်နှစ်သက်တဲ့ ပျိုမေတို့အတွက် အရောင်လေးတွေကိုစပ်ပြီးတော့ ဆိုးချင်တယ်ဆိုရင် ဒီလိုရွှေရောင်လေးက ပိုပြီးတော့ခန့်ခန့်ထည်ထည်နဲ့လှပနေစေမှာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အမည်းရောင်လေးကိုလည်း ထပ်ပြီးတော့ထည့်ပေးလိုက်မယ်ဆိုရင်တော့ ပိုပြီးတော့လှပသွားစေမှာပဲဖြစ်ပါတယ်။

အရောင်ရင့်ရင့်လေးတွေကို ဆိုးရတာကြိုက်နှစ်သက်တဲ့ပျိုမေတို့အနေနဲ့ အရောင်ရင့်တာတွေကိုပဲ ဆိုးတာမျိုးမဟုတ်ပဲ အရောင်နုတာလေးတွေနဲ့ တွဲဖက်ပြီးဆိုးမယ်ဆိုရင်လည်း ကြည့်ကောင်းစေပါတယ်။

ဒါကတော့ အရောင်နုနုလေးတွေကိုပဲ ကြိုက်တဲ့ပျိုမေတို့အတွက် အဖြူရောင်လေးနဲ့ တွဲဖက်ပြီးဆိုးထားပေးတဲ့ အရောင်နုလေးတွေက ပျိုမေတို့ရဲ့လက်ချောင်းလေးတွေကို ကျော့ရှင်းပြီးလှပနေစေမှာပါ။

လက်ချောင်းတစ်ချောင်းမှာ တစ်ရောင်စီဆိုးချင်တယ်ဆိုရင်လည်း ဒီလိုအရောင်မျိုးလေးတွေဆိုရင် အရောင်တွေကကြောင်တောင်တောင်မဖြစ်ပဲ သပ်သပ်ရပ်ရပ်လေးနဲ့ လျနေစေမှာပါ။

Photo Source: Pinterest