အတိုတွေဝတ်ပြီးလန်းရတာထက် ဘောင်းဘီအရှည်လေးတွေ ဝတ်ရတာကိုပဲ ပိုပြီးနှစ်သက်တဲ့ ကောင်မလေးတွေအတွက် ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့ စမတ်ကျပြီး ချစ်ဖို့ကောင်းနေမယ့် ဖက်ရှင်စတိုင်လ်တွေကို မျှဝေပေးလိုက်ပါတယ်။

ဂျင်းဘောင်းဘီအရှည်ကို ကော်လံရှပ်အင်္ကျီ လက်တိုလေးတွေနဲ့ တွဲဝတ်တာက စမတ်ကျပြီး ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ရှပ်အင်္ကျီအဖြူလေးနဲ့ဆိုရင်တော့ သန့်ပြီး ပိုမိုက်ပါတယ်။ ဒါပေမယ့် အရောင်လေးတွေနဲ့လည်း ချစ်ဖို့ကောင်းတာပါပဲ။

ဂျင်းဘောင်းဘီအရှည်ကို တီရှပ်အဖြူလေးတွေနဲ့ တွဲဝတ်တာကတော့ လုံးဝရိုးရှင်းပြီး freestyle ပုံလေးနဲ့ စမတ်ကျနေမှာ သေချာပါတယ်။

ဂျင်းဘောင်းဘီအရှည်ကို ဒီလို crop top လေးတွေနဲ့ တွဲဝတ်တာက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို စမတ်ကျနေစေပါတယ်။

ကာလာနဲ့ ဂျင်းဘောင်းဘီလေးတွေဆိုလည်း တီရှပ်အပွလေးတွေနဲ့သာ ဒီလိုလေးတွဲဝတ်လိုက်ပါ။ စမတ်ကျပြီး ချစ်ဖို့ကောင်းသလို လူငယ်လည်းဆန်ပါတယ်။

ဂျင်းဘောင်းဘီအရှည်ကို ဒီလို cardigan လှလှလေးတွေနဲ့ တွဲဝတ်တာကတော့ ကိုရီးယားမလေးတွေ ဝတ်နေကျ ဖက်ရှင်စတိုင်လ်လေးပါပဲ။

ဒီလို top လှလှလေးတွေကို ဂျင်းဘောင်းဘီအရှည်နဲ့ တွဲဝတ်မယ်ဆိုရ်ငတော့ မိန်းကလေးဆန်ဆန်နဲ့ စမတ်ကျပြီး ချစ်ဖို့ကောင်းနေမှာပါ။

အေးတဲ့ရာသီဥတုမျိုးမှာဆိုရင် ဂျင်းဘောင်းဘီအရှည်ကို ဒီလိုဆွယ်တာအပွ၊ hoodie အပွလေးတွေနဲ့ တွဲဝတ်တာလည်း စမတ်ကျပြီး ချစ်ဖို့ကောင်းပါတယ်။ ရိုးရိုးလေးနဲ့ အဆင်ပြေတဲ့ ဖက်ရှင်စတိုင်လ်လေးတွေပါ။

အခုနောက်ပိုင်းမှာ ကုတ်လေးတွေဝတ်တာက အရမ်းခေတ်စားနေတာဆိုတော့ ဂျင်းဘောင်းဘီအရှည်ကို ကုတ်လေးတွေနဲ့ ဒီလိုတွဲဝတ်ကြည့်ပါ။ စမတ်ကျပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ကိုရီးယားမလေးတွေ ဝတ်နေကျ ဖက်ရှင်စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။

ဂျင်းဘောင်းဘီအရှည်ကို မှ အဖြူပဲဖြစ်ဖြစ်၊ ဂျင်းအရောင်ပဲဖြစ်ဖြစ် ဒီလိုရှပ်အင်္ကျီအစင်းလေးတွေနဲ့ တွဲဝတ်လိုက်ရင် စမတ်ကျပြီး ချစ်ဖို့ကောင်းပါတယ်။ ရုံးသွား၊ သင်တန်းသွားအတွက်လည်း အရမ်းအဆင်ပြေတဲ့ ဖက်ရှင်စတိုင်လ်လေးပါ။

Photo source:www.pinterest.com