Skinny jeans လေးတွေက ဘယ်အချိန်ဝတ်ဝတ် ရိုးမသွားပဲ လုံလုံခြုံခြုံလှတာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ပါတယ်။ ဒါကြောင့် skinny Jeans လေးတွေဝတ်တဲ့အခါမှာ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Skinny jeans ကို ဒီလိုကိုယ်ကျပ် လက်ရှည်လေးတွေနဲ့ တွဲဝတ်တာက ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

Skinny jeans အရောင်နုနုလေးတွေကို ရှပ်အင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်ရင် စမတ်ကျပြီး လှနေစေပါတယ်။

ကုတ်လေးတွေဝတ်မယ်ဆိုရင်လည်း skinny jeans လေးတွေနဲ့သာ တွဲဝတ်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

Floral အင်္ကျီလေးတွေဆိုရင် skinny jeans တွေနဲ့ တွဲဝတ်တာက အလိုက်ဖက်ဆုံးပါပဲ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

Skinny jeans တွေကို ဒီလိုအင်္ကျီအပွလေးတွေနဲ့ တွဲဝတ်တာလည်း မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Skinny jeans တွေကို တီရှပ်လေးတွေနဲ့ တွဲဝတ်တာကတော့ အရမ်းရိုးရှင်းပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ဖက်ရှင်လေးပါ။

ဒီလိုစမတ်ကျတဲ့အကီၤျတွေဝတ်မယ်ဆိုရင်လည်း skinny jeans တွေနဲ့သာ တွဲဝတ်ပါ။ ပိုပြီးလိုက်ပါတယ်။

ကိုရီးယားဆန်ဆန်လေးကြိုက်ရင် skinny jeans ကို ရှပ်အင်္ကျီအဖြူလေးနဲ့ တွဲဝတ်ပြီး အပေါ်ကနေ vest လက်ပြတ်လေးတွေသာ ထပ်ဝတ်လိုက်ပါ။

လူငယ်ကောင်မလေးတွေဆိုရင် skinny jeans ကို crop top ကိုယ်ကျပ်လေးတွေနဲ့သာ တွဲဝတ်ပါ။ ရှင်းရှင်းလေးနဲ့ simple ဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

နွေရာသီလို ပူအိုက်တဲ့အချိန်မှာဆိုရင် skinny jeans တွေကို ကြိုးတစ်လုံးလေးတွေ၊ လက်ပြတ်အပွလေးတွေနဲ့ တွဲဝတ်ပါ။ ပေါ့ပါးလွတ်လပ်တဲ့စတိုင်လ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com