မိန်းကလေးတိုင်းအတွက် ကိုရီးယားမလေးတွေပြင်ဆင်နေကျဖြစ်တဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကျစ်ဆံမြီးကို ဘေးတစ်စောင်းလေးကျစ်ပြီး တစ်ဖက်ကိုချထားတဲ့ပုံစံလေးက ကိုရီးယားမလေးတွေ အရမ်းပြင်လေ့ရှိတဲ့ ဆံပင်ပုံစံလေးပါ။ တစ်ချို့ကျတော့ ဘီးကုတ်ဗြောင်လေးတွေပါ တပ်လေ့ရှိပါတယ်။ ဒီဆံပင်ပုံစံလေးဆိုရင် ကပိုကယိုလေးနဲ့ ချစ်ဖို့လည်းကောင်းပါတယ်။

ဆံထုံးမြင့်လေးထုံးပြီး ခေါင်းစည်းကြိုးလှလှလေးပတ်တာမျိုးကလည်း ကိုရီးယားမလေးတွေ အမြဲလုပ်လေ့ရှိတဲ့ ဆံပင်ပုံစံလေးပါ။ ဒီဆံပင်ပုံစံလေးဆိုရင် မျက်နှာရှင်းရှင်းလေးဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ကိုရီးယားမလေးတွေရဲ့ ဒီဆံပင်ပုံစံလေးဆိုရင် အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာပါတယ်။ ဆံပင်ကိုလှန်တင်ပြီး အရှေ့ကို ဘေးဘက်ကနေဆံပင်လေးတွေချတာ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ဆံပင်ကိုတစ်ဝက်လေး ကျစ်ဆံမြီးကျစ်တာမျိုးကလည်း ကယိုကပိုလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ကိုရီးယားမလေးတွေလည်း ပြင်လေ့ရှိတဲ့ဆံပင်ပုံစံလေးပါ။ ကျစ်ဆံပြီးကို လျော့လျော့လေးကျစ်ပေးမှ ပိုလှမှာပါ။

ဆံပင်ကိုဖဲပြားလေးတွေနဲ့ တစ်ဝက်စည်းတာမျိုးကတော့ ကိုရီးယားမလေးတွေတင်မဟုတ်ပါဘူး အခုနောက်ပိုင်း မိန်းကလေးတော်တော်များများ လုပ်လေ့ရှိပါတယ်။ ဒီဆံပင်ပုံစံလေးက မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဆံပင်ကိုဖျားလျားချပြီး ဘီးကုတ်တပ်တာမျိုးဆိုရင်လည်း ကိုရီးယားမလေးတွေ အရမ်းလုပ်လေ့ရှိတဲ့ ဆံပင်ပုံစံလေးပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းစေပါတယ်။

ဆံပင်မှာ အလှကလစ်အကြီးတွေပန်ပြီး အရှေ့ဆံပင်လေးတွေချတာ၊ ဘေးဘက်ဆံပင်လေးတွေချတာဆိုလည်း ကိုရီးယားမလေးတွေ အမြဲလုပ်လေ့ရှိတဲ့ ဆံပင်ပုံစံလေးပါ။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com