မင်္ဂလာပါနော်။ တရုတ်ရုပ်ရှင်ချစ်သူတွေကတော့ တရုတ်မင်းသမီးလေး Ju Jingyi ကို ရင်းနှီးကြမယ်လို့ ထင်ပါတယ်။

SNH48 အဖွဲ့ဝင်အဖြစ် လှုပ်ရှားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ “Everyday” ဆိုတဲ့တေးသီချင်းနဲ့အတူ တစ်ကိုယ်တော်အဆိုတော်အဖြစ် စတင်လျှောက်လှမ်းခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ သရုပ်ဆောင်လမ်းကြောင်းကိုလည်း ဝင်ရောက်ခဲ့တာပါ။ တရုတ်၊ အင်္ဂလိပ်၊ ကိုရီးယားလိုပြောတတ်ပြီး Teresa Teng ရဲ့ ပရိတ်သတ်တစ်ဦးလည်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Legend of Yunxi ဇာတ်ကားနဲ့ သူမကို ကျော်ကြားစေခဲ့တာဖြစ်ပြီးတော့ နောက်ဆက်တွဲအနေနဲ့ Mr. Swimmer ၊ The Legend of White Snake ၊ Please Give Me a Pair of Wings ၊ In a Class of Her Own ၊ The Blooms at Ruyi Pavillion ၊ Mu Nan Zhi ၊ Love Under the Full Moon နဲ့ Rebirth for You ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီးပါပြီ။

သူမကိုတော့ ၁၉၉၄  ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ တရုတ်နိုင်ငံ Suining မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရပ်အမြင့်ကတော့ ၅ပေ ၃ လက်မသာသာရှိပြီး Sichuan Conservatory of Music ကျောင်းက တယောမေဂျာကျောင်းသူဖြစ်ပါတယ်။

အရမ်းလည်းလှသလို တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး မင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။

သူမရဲ့ဖက်ရှင်တွေကလည်း အရမ်းချစ်စရာကောင်းပြီး ဖက်ရှင်ကျနေတာမို့ တရုတ်မင်းသမီးလေး Ju Jingyi ရဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်တယ်နော်။

Image Source: Pinterest