အဝါရောင်ကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းပြီး ဒီဇိုင်းလည်းဆန်းတဲ့ အဝါရောင်လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ချစ်ဖို့ကောင်းပြီး ဒီဇိုင်းဆန်းတဲ့အပြင် အဝါရောင်ကိုလည်း အနုအရင့် တွဲထားတာကြောင့် ပိုပြီးလှပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးပါ။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ပန်းပွင့်ကို ရောင်စုံလေးတွေ ပုံဖော်ထားတာကြောင့် ပိုပြီးချစ်ဖို့ကောင်းပါတယ်။ ဒီဇိုင်းကလည်း တစ်မျိုးထဲမဟုတ်တဲ့အတွက် မြင်နေကျပုံစံတွေနဲ့မတူပဲ တစ်မျိုးလေးဆန်းနေတာပါ။

ဒါလည်း အိမ်မှာပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးပါပဲ။ သုံးထားတဲ့အရောင်လေးတွေက အဓိကပါ။ ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

Pooh ကြိုက်ရင်တော့ ဘာမှစဉ်းစားမနေပဲ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။

ပန်းပုံလေးတွေကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးလည်း ပုံဖော်လို့ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါပဲ။

ကျားပုံလေးနဲ့ ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးက ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းလို့ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း အရမ်းချစ်ဖို့ကောင်းတာကြောင့် cute type တွေကြိုက်ရင် ပုံဖော်ကြည့်ပါ။

ပုံဖော်တာတွေမကြိုက်ရင် အဝါကိုမှ အရောင်လေးယှက်ပြီး ဒီလိုဆိုးကြည့်ပါ။ အရမ်းလှပါတယ်။

ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါပဲ။ အသည်းပုံလေးကပ်ထားတာက အသက်ပါပဲ။

Photo source:www.pinterest.com