အပြင်သွားလိုက်တာနဲ့ ဖက်ရှင်ကျကျဝတ်ထားတဲ့ လူတိုင်းကိုမြင်တွေ့နေရတဲ့ ခေတ်ကြီးထဲမှာ ကိုယ်တိုင်လည်းဖက်ရှင်ကျကျနဲ့ ဝတ်တတ်ဖို့လိုပါလိမ့်မယ်။ လှပပြီးဒီဇိုင်းဆန်းလေးတွေကလည်း ဈေးကွက်ထဲမှာ ပေါများနေတော့ ကိုယ်တိုင်က မလန်းတာတွေကိုပဲဝတ်နေလို့ မဖြစ်သေးဘူးလေ။ ဒါကြောင့် ဖက်ရှင်ရေစီးကြောင်းအတိုင်း လိုက်ပြီးဝတ်နိုင်အောင် အကြံကောင်းလေးတွေ ပေးချင်ပါတယ်နော်။

ဒီလိုမျိုး ဝတ်စားမှုဖက်ရှင်က ဘယ်တော့မှရိုးမသွားသလိုပဲ မြင်လိုက်တဲ့သူတိုင်းကိုလည်း စွဲမက်စရာကောင်းတဲ့အသွင်ပေါ်နေစေပါတယ်။

ကိုရီးယားမလေးတွေလိုမျိုး ချစ်စရာကောင်းတဲ့ဖက်ရှင်မျိုးပေါ့။ ခန္ဓာကိုယ် သေးသေးသွယ်သွယ်ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပြီး ဝတ်လိုက်တဲ့အခါမှာလည်း ချစ်စရာကောင်းပြီး ဖက်ရှင်ကျကျလှနေစေမှာပါ။

အပေါ်အကျီၤ ပွပွလေးကို အောက်ကနေဘောင်းဘီတိုလေးနဲ့ပဲဖြစ်ဖြစ်၊ စကပ်တိုလေးနဲ့ပဲဖြစ်ဖြစ် ဝတ်လိုက်ရင်လှပပြီး ချစ်စရာကောင်းနေမှာပါ။ အကျီၤတွေကြီးနေလို့ဆိုပြီးလည်း စိတ်ညစ်နေစရာမလိုတော့ဘူးပေါ့။

ရုံးသွား၊ ကျောင်းသွားမမတွေအတွက် အဆင်ပြေစေပြီး ရိုးရှင်းလွန်းနေတဲ့ ပုံစံလည်းမဟုတ်တဲ့အတွက်ကြောင့် တစ်မျိုးလေးကြည့်ကောင်းနေစေမှာပဲဖြစ်ပါတယ်။

လက်ပြတ်လေးတွေဝတ်ရတာကို ကြိုက်နှစ်သက်တဲ့ပျိုမေတို့အတွက် သဘောတွေ့စေမယ့်ဖက်ရှင်မျိုးပေါ့။ ပိန်သွယ်ပြီးလှနေတဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပေါ်လွင်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းနေစေမှာပါ။

အခုနောက်ပိုင်းမှာ ဘောင်းဘီပွပွကြီးတွေက ပြန်ပြီးတော့ခေတ်စားလာတာဆိုတော့ ဘောင်းဘီအပွကြီးတွေဝတ်ပြီး ဖက်ရှင်ကျချင်တဲ့ ပျိုမေတို့အတွက် အထာကျကျနဲ့ လှပနေစေမယ့်ဖက်ရှင်မျိုးပေါ့။