ဟယ်လို ပျိုမေလေးတို့ရေ… အသက်ကြီးလာတယ်ဆိုတိုင်း ကိုယ့်ကိုယ်ကို လူကြီးတစ်ယောက်လို အမြဲနေစရာမလိုပါဘူးနော်။ အဲ… အပြုအမူ၊ အပြောအဆိုကိုမဟုတ်ဘဲ ကိုယ့်ရဲ့ရုပ်ရည်အသွင်အပြင်ကို ပြောချင်တာပါ။ တချို့ပျိုမေလေးတွေက ၂၅ ကျော်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေကြောင့် ကိုယ်မကြိုက်တဲ့၊ မနေချင်တဲ့ပုံစံမျိုးကို လိုက်လံပြောင်းလဲနေထိုင်ရပါတယ်။

အသက် ၂၅ ကျော်လည်း မိန်းကလေးပါပဲနော်။ စိတ်ပျိုကိုယ်နုဆိုတဲ့ စကားအတိုင်းပဲ သူများတွေရဲ့အမြင်ထက် ကိုယ့်စိတ်တိုင်းကျ ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်၊ ပျော်အောင်ထားမှ ၃၀ ကျော် ၄၀ ကျော်လည်း အမြဲလှနိုင်မှာပါ။ လူတစ်ယောက်ရဲ့အသွင်အပြင်နဲ့ပတ်သက်လို့ ဆံပင်ပုံစံလေးနည်းနည်းပြောင်းလိုက်ရုံနဲ့ တခြားလူတစ်ယောက်လိုဖြစ်သွားစေပါတယ်။ ဒါကြောင့် နုပျိုငယ်ရွယ်တဲ့မိန်းကလေးတွေအသွင်ကို ရယူနိုင်အောင်လို့ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားမယ့် ဆံပင်စတိုင်လ်လေးတွေကို ဝေမျှပေးချင်ပါတယ်။