အဖြူရောင်ကြိုက်တဲ့သူတွေအတွက် မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ အဖြူရောင်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အဖြူရောင်ဆိုတော့ ဝတ်ရတာပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ ဘယ်တော့မှလည်းရိုးမသွားပဲ သန့်ပြီးလှနေတဲ့ပုံစံလေး ဖြစ်စေပါတယ်။

စကပ်အတိုလေးတွေကို ချစ်ဖို့ကောင်းတဲ့ အဖြူရောင်အင်္ကျီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ဝတ်ရတာ အရမ်းပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒီဖက်ရှင်လေးဆိုရင် ပူပြင်းတဲ့ရာသီဥတုမျိုးနဲ့ အရမ်းလိုက်ဖက်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ အဖြူရောင်အင်္ကျီလေးတွေကို color pants လေးတွေနဲ့ တွဲဝတ်ပြီး sneaker အဖြူလေးစီးလိုက်ရင် ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ အတိုမဝတ်တဲ့သူတွေအတွက်တော့ အရမ်းအဆင်ပြေတဲ့ ဖက်ရှင်မျိုးပါ။

အဖြူရောင်အင်္ကျီဝတ်ပြီး အောက်ကဘာနဲ့တွဲဝတ်ရမှန်းမသိ ဖြစ်နေရင် မလွယ်တကူ jean pants တွေနဲ့သာ တွဲဝတ်လိုက်ပါ။ အရိုးရှင်းဆုံးနဲ့ ဖက်ရှင်အကျဆုံးပါပဲ။

မိန်းကလေးဆန်ပြီး ကျော့ရှင်းလှပတဲ့ပုံစံလေး လိုချင်ရင်တော့ ဒီလိုစကပ်လေးတွေကို ကော်လံအင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးသာစီးပါ။ ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။

ဒီလိုစကပ်အရှည်အကားလေးတွေကို ဘာနဲ့တွဲဝတ်ရမှန်းမသိရင် ထွေထွေထူးထူးစဉ်းစားမနေပါနဲ့။ အင်္ကျီအဖြူလေးနဲ့သာတွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်ပါ။ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဂါဝန်ရှည်အဖြူလေးတွေကတော့ ဓာတ်ပုံရိုက်ရင် အရမ်းလှပါတယ်။ ခရီးသွားတဲ့အခါမှာလည်း အရမ်းလိုက်ဖက်ပါတယ်။ ဒါ့အပြင် ဝတ်ရတာလည်းပေါ့ပါးမှုရှိစေပါတယ်။

အခုနောက်ပိုင်းမှာ coat one set လေးတွေဝတ်တာကလည်း အရမ်းခေတ်စားနေတာပါ။ အဖြူရောင်ကြိုက်ရင် coat one set အဖြူလေးသာ ဝတ်ကြည့်ပါ။ လုံးဝကိုသန့်ပြီး အရမ်းလှပါတယ်။

ဒီလိုဒူးဖုံးစကပ်လေးတွေကို ဆွယ်တာ (သို့) body fit အဖြူ လက်ရှည်လေးတွေနဲ့ တွဲဝတ်လိုက်ရင် ရိုးရိုးရှင်းရှင်းလေးနဲ့ ကိုရီးယားဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

အဖြူရောင်ကြိုက်တဲ့သူတွေမှာ မဖြစ်မနေရှိထားသင့်တာကတော့ အဖြူရောင်ဂါဝန်တိုလေးတွေပဲ ဖြစ်ပါတယ်။ ဝတ်ရတာအရမ်းပေါ့ပါးပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီလိုမျိုးလှတဲ့ အင်္ကျီလက်ရှည်အဖြူလေးတွေကို ဝတ်မယ်ဆိုရင် စကပ်အတိုအမဲလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ အဖြူနဲ့အနက်က အလိုက်ဖက်ဆုံး ဖက်ရှင်ပါပဲ။

Photo source:www.pinterest.com