ပွဲတွေသွားစရာရှိတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ့်မွေးနေ့ပွဲမှာပဲဖြစ်ဖြစ် မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် ပွဲတက် makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

မျက်ကပ်မှန်လေးတပ်ရပ်တော့ ပိုပြီးချစ်ဖို့ကောင်းစေပါတယ်။ ဒီတော့ အရင်ဆုံး ကိုယ်လိမ်းနေကျ အောက်ခံ makeup foundation ကို လိမ်းပါမယ်။

မျက်ခုံးမွှေးကို light brown color လေးနဲ့ ဆွဲပါမယ်။

ရွှေရောင် glitter eyeshadow color ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

ရွှေရောင် glitter eyeshadow ကိုမှ light ဖြစ်တဲ့ color လေးယူပြီး မျက်လုံးထိပ်နားလေးကို ခြယ်ပေးပါ။

မျက်တောင်ကော့တဲ့ curl နဲ့ မျက်တောင်ကော့ပေးပြီး mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပေးပါ။

Eyeliner ကို အတွင်းနားလေးကနေကပ်ပြီး ပါးပါးလေး ဆွဲပါမယ်။ ထောင့်မှာ wings လေးထွက်ပေးပါ။

ပါးနီကိုတော့ အုတ်ကျိုးရောင်ဘက်ကိုသွားတဲ့ လိမ္မော်ရောင်မျိုးကို ခြယ်ပါမယ်။

Highlighter ကိုတော့ ရွှေရောင်သုံးပါမယ်။ ပါးမို့နေရာလေးနဲ့ နှာတံကိုပဲ highlighter ခြယ်ပါမယ်။

မေးရိုးနှစ်ဖက်၊ ပါးရိုးနှစ်ဖက်နဲ့ နှာတံဖော်ဖို့ contouring ကို ပါးပါးလေး ခြယ်ပေးပါ။

နှုတ်ခမ်းနီကို အညိုဖျော့ဖျော့ lip gloss လေးဆိုးပြီး အတွင်းသားကို လိမ္မော် (သို့) အုတ်ကျိုးရောင်ဘက်သွားတဲ့ အရောင်လေးဆိုးပေးပါ။

ပိုပြီးချစ်ဖို့ကောင်းသွားအောင် ဘီးကုတ်လှလှလေး တပ်လိုက်ပါ။ ဒါဆိုရင်တော့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ပွဲတက် makeup look လေးကို ရရှိသွားပါပြီ။