ရုံးတက်နေရတဲ့ကောင်မလေးတွေအတွက် နုပျိုလန်းဆန်းပြီး ချစ်ဖို့ကောင်းနေစေမယ့် makeup look လေးကို ဘယ်လိုပြင်ရမလဲဆိုတာ သိရအောင်လို့ ပုံလေးတွေနဲ့ တစ်ဆင့်ချင်းစီ ဖော်ပြပေးလိုက်ပါတယ်။
အရင်ဆုံး primer လိမ်းပြီး foundation လိမ်းပါမယ်။
မျက်ကွင်းညိုတဲ့နေရာနဲ့ နှုတ်ခမ်းဘေးထောင့်တွေက ညိုနေတဲ့အတွက် အဲ့နေရာတွေကို concealer လိမ်းပါမယ်။ မေးစိကိုလည်း နည်းနည်းလေး လိမ်းပါမယ်။
မျက်ခုံးမွှေးဆွဲတဲ့အခါမှာ အညိုဘက်သွားတဲ့အရောင်လေးသုံးတာက ပိုကောင်းပါတယ်။
မျက်ခုံးမွှေးဆွဲပြီးရင် နှာတံဖော်ပါမယ်။ တအားကြီးထင်းနေအောင်တော့ ဖော်စရာမလိုပါဘူး။
Peach color eyeshadow ကို မျက်ခွံပေါ်ခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုလည်း ခြယ်ပါမယ်။
မျက်လုံးလေးထင်းပြီး ပိုလင်းသွားအောင် ပိုပြီးလှသွားအောင် glitter လေးတွေလည်း နည်းနည်းခြယ်ပေးပါ။ မျက်လုံးအောက်နားကိုတော့ နည်းနည်းလေးပဲ ခြယ်ပါမယ်။
ရုံးသွားတာဆိုတော့ အရမ်းကြီး heavy ဖြစ်အောင်မပြင်ပါဘူး။ Mascara ကအစ အညိုလေးသုံးပါမယ်။ ပိုပြီး သဘာဝဆန်အောင်လို့ပါ။
ငယ်ရွယ်နုပျိုပြီး fresh ဖြစ်တဲ့ look လေး ရအောင် ပါးနီကိုလည်း peach color လေးပဲခြယ်ပါမယ်။
Eyeliner ကို အထူကြီးမဆွဲပဲ သေးသေးမျှင်မျှင်လေးပဲ ဆွဲပါမယ်။ Eyeliner ဆွဲတော့ မျက်လုံးပိုပေါ်လွင်ပြီး ပိုလှစေတယ်၊ ပိုပြီး confident ရှိတဲ့ look လေး ရစေပါတယ်။
နှုတ်ခမ်းနီကိုတော့ peach color (သို့) လိမ္မော်ဖောက်တဲ့ အရောင်လေးတွေ ဆိုးပေးပါ။ ဒီမှာတော့ အညိုဖျော့လေးကို အရင်ဆိုးပြီး အတွင်းသားကိုမှ peach color လေးဆိုးပြီး blend လိုက်ပါတယ်။ ဒီတော့ အရောင်လေးက တစ်မျိုးဆန်းပြီး ပိုလှသွားတာပေါ့။
ဒါဆိုရင်တော့ ရုံးတက်နေရတဲ့ကောင်မလေးတွေအတွက် နုပျိုလန်းဆန်းပြီး ချစ်ဖို့ကောင်းနေစေမယ့် makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။