မိန်းကလေးဆန်တာလေးတွေ၊ ချစ်ဖို့ကောင်းတာလေးတွေကို ကြိုက်တဲ့သူတွေအတွက် ဝတ်ရတာ ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းစေမယ့် နွေရာသီ ဂါဝန်အတိုဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလိုဂါဝန်တိုလေးဆိုရင် ထသွားထလာအတွက်လည်း အဆင်ပြေသလို၊ ပွဲတွေသွားစရာရှိတဲ့အခါမှာလည်း ဝတ်လို့အဆင်ပြေပါတယ်။ အရောင်ကိုတော့ နုတာလေးတွေရွေးဝတ်တာက နွေရာသီနဲ့ ပိုလိုက်ပါတယ်။

ဒီလိုဂျင်းလေးကို အောက်ကနေ ချည်သားအင်္ကျီအဖြူလေးတွေခံပြီး ဝတ်ရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ နွေရာသီနဲ့လည်း လိုက်ဖက်တဲ့ ဖက်ရှင်လေးပါ။

ဂါဝန်အတိုကိုမှ ဒီလိုလက်ဖောင်းဂါဝန်လေးတွေက အရမ်းချစ်ဖို့ကောင်းတဲ့ cute type လေးဖြစ်စေပါတယ်။ ချည်သားလေးတွေရွေးချယ်မယ်ဆိုရင်တော့ နွေရာသီအတွက် ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းနေမှာပါ။

ချည်သားဂါဝန်အတိုကိုမှ အဝါရောင်လေးက နွေရာသီနဲ့ လိုက်ဖက်ပါတယ်။ ပုံထဲကလို ဦးထုပ်လေးတွေပါဆောင်းလိုက်ရင်တော့ ခရီးသွားတဲ့အခါမှာ ကွက်တိဖြစ်မယ့် ဖက်ရှင်ပါပဲ။

Floral dress အတိုကိုမှ ဒီလိုဒီဇိုင်းလေးတွေက ရှားပါတယ်။ ဒါကြောင့် ဒါမျိုးလေးတွေတွေ့ရင် ဝယ်သင့်ပါတယ်။ နွေရာသီနဲ့အရမ်းလိုက်ဖက်ပြီး ဝတ်လိုက်တာနဲ့ ချစ်ဖို့ကောင်းသွားစေပါတယ်။

ချည်သားဂါဝန်အတို အဖြူလေးတွေကတော့ နွေရာသီအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်လေးပါပဲ။

ဒီလိုလက်ပြတ်ဂါဝန်အတို အကားလေးတွေကလည်း နွေရာသီနဲ့ အရမ်းလိုက်ဖက်ပြီး ဝတ်ရတာပေါ့ပါးမှု ရှိစေပါတယ်။ ချစ်ဖို့လည်းကောင်းပါတယ်။

ကြိုးတစ်လုံးဂါဝန်အတိုလေးတွေကတော့ ချည်သားဂါဝန်အဖြူလိုပါပဲ။ နွေရာသီအတွက် မရှိမဖြစ် ဖက်ရှင်လေးပါပဲ။

နွေရာသီမှာအပြင်သွားရင် အသားမဲမှာစိုးလို့ အရှည်ဝတ်မယ်ဆိုတဲ့သူတွေကတော့ ဒီလိုဂါဝန်အတိုလေးတွေကိုသာ ရွေးချယ်ပါ။

အမဲရောင်အရမ်းကြိုက်လို့ နွေရာသီမှာ ဂါဝန်အတိုကို အမဲရောင်ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုလက်ပြတ်လေးတွေ၊ ချည်သားလေးတွေ၊ အသားပါးတာလေးတွေကို ရွေးချယ်ပါ။ ဒါမှလည်း အပူဒဏ်သက်သာပြီး ဝတ်ရတာလည်း အဆင်ပြေမှာပါ။

Photo source:www.pinterest.com