မိန်းကလေးဆန်တာလေးတွေကို ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် ဝတ်ရတာပေါ့ပါးမှုရှိပြီး ချစ်ဖို့လည်းကောင်းတဲ့ ဂါဝန်တိုဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ ချုပ်ဝတ်ချင်တဲ့သူတွေအတွက်လည်း ဒီပုံစံလေးတွေက အဆင်ပြေပါတယ်။

ဒီဂါဝန်လေးဆိုရင် လက်တံတောင်ဆစ်ဖုံးလေးဖြစ်လို့ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ လက်မောင်ကြီးလို့ လက်တိုမဝတ်တဲ့သူတွေအတွက်ဆို ကွက်တိပါပဲ။

ဒီဂါဝန်ပုံစံလေးဆိုရင် ဝတ်ရတာ အရမ်းကိုပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ ပုံစံကလည်း အရမ်းချစ်ဖို့ကောင်းတဲ့အပြင် အကွက်လေးဖြစ်တာကြောင့် လူငယ်ပိုဆန်ပါတယ်။

ဒီလိုခါးမှာ ဘေးကြိုးချည်တဲ့ ဂါဝန်ဒီဇိုင်းလေးတွေဆိုရင် အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။ မိန်းကလေးတော်တော်များများနဲ့ လိုက်ဖက်တဲ့ ပုံစံလေးလည်း ဖြစ်ပါတယ်။

ဂါဝန်အဖြူလေးတွေကတော့ ဘယ်အချိန်ဝတ်ဝတ် ပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာဖြစ်စေတယ်၊ အပူဒဏ်လည်း သက်သာစေလို့ မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။

ဒီဂါဝန်ဒီဇိုင်းလေးဆို အရမ်းရှားပါတယ်။ ဒါကြောင့် ဂါဝန်တွေကြိုက်ရင် ဒီပုံစံလေးကိုချုပ်ဝတ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

လက်ဖောင်းလေးတွေကြိုက်ရင်တော့ ဒီဂါဝန်ပုံစံလေးက ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ချုပ်မယ်ဆိုရင်လည်း ချုပ်ရတာလွယ်ကူတဲ့ဒီဇိုင်းလေးပါ။

ဒီဂါဝန်ဒီဇိုင်းလေးဆိုရင် လက်ရှည်ပေမယ့် ဝတ်ရတာ သက်တောင့်သက်သာဖြစ်စေပါတယ်။ ပေါ့ပါးမှုလည်းရှိစေပါတယ်။ ဘယ်လိုရာသီဥတုမျိုးမှာပဲဝတ်ဝတ် အဆင်ပြေပါတယ်။

ဒီလိုဂါဝန်လက်ပြတ်လေးတွေဆိုလည်း ဝတ်ရတာပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ ပွဲလည်းတိုးတဲ့ပုံစံလေး ဖြစ်ပါတယ်။

ကြိုးတစ်လုံးဂါဝန်လေးတွေကတော့ ဝတ်ရတာပေါ့ပါးမှုရှိပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်ပြတ်အတိုင်းမဝတ်ချင်ရင် အပေါ်ထပ်အင်္ကျီ cardigan လေးတွေ ထပ်ဝတ်လို့လည်းရတယ်ဆိုတော့ ဂါဝန်ဝတ်ရတာကြိုက်ရင် ကြိုးတစ်လုံးဂါဝန်လေးလည်း ရှိထားသင့်ပါတယ်။

photo source:www.pinterest.com