ဆံပင် Highlights ဖောက်ထားတဲ့ ကောင်မလေးတွေ၊ အထူးသဖြင့် အတွင်းဘက်လေးကိုပဲ Highlights ဖောက်ထားတဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အလွယ်ကူဆုံးနဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေးတွေဖြစ်တာကြောင့် Try ကြည့်သင့်ပါတယ်နော်။

အတွင်း Highlights လေးတွေကိုပဲ ပိုမြင်ရအောင် ဆံပင်ကို တစ်ဝက်စည်းပေးပါ။ ဆံပင်တစ်ဝက်စည်းပြီဆိုရင် မြင့်မြင့်လေးစည်းမှ ခေတ်ဆန်ပြီး ချစ်ဖို့ကောင်းမှာပါ။ လျှောလျှောကြီးစည်းထားရင်ကျတော့ နည်းနည်းလူကြီးဆန်ပါတယ်။

ဆံပင်ကို ဘေးတစ်စောင်းလေး ကျစ်ဆံမြီးကျစ်ပေးတဲ့ ဆံပင်ပုံစံလေးက ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ဆံပင်ကို နည်းနည်းလောက်လိပ်ပြီး အမြင့်လေးစုစည်းတာကလည်း Highlights ဖောက်ထားတဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ အရိုးရှင်းဆုံး ဆံပင်ပုံစံပါပဲ။

ဆံပင်ကို ခပ်မြင့်မြင့်လေး ထိပ်မှာထုံးပြီး ခေါင်းစည်းကြိုး အကြီးပတ်ပေးပါ။ ဒီဆံပင်ပုံစံကျတော့ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းသလို၊ Highlights လေးလည်း အနောက်မှာပေါ်နေတာကြောင့် ပိုလှပါတယ်။

Source:www.beautifymeeh