အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆံပင်ရှည်တဲ့မိန်းကလေးတွေအတွက် ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးချင်ပါတယ်။ မိန်းကလေးတိုင်းနှစ်သက်သဘောကျမယ့် ဖဲပြားပုံ ခေါင်းစည်း၊ ကလစ်လေးတွေနဲ့ ပြုလုပ်ပေးလို့ရတဲ့ ဆံပင်ပုံလေးတွေထဲကမှ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ Ribbon ဖဲပြားလေးတွေနဲ့ ဆံပင်စတိုင်လ်ပြုလုပ်ပုံလေးတွေပဲ့ဖြစ်ပါတယ်။ Ribbonက အကြီးကြီးတွေဆို ပိုတောင်လှပါသေးတယ်။ တစ်ဝက်စည်းကလစ်အကြီးတွေပဲဖြစ်ဖြစ်၊ ခေါင်းစည်းကြိုးမှာ ဖဲပြားပါတာပဲဖြစ်ဖြစ် တစ်ခုခုသာဝယ်ထားပါ။ သူကတပ်လိုက်တာနဲ့ ဖဲပြားပုံလေးက မိန်းကလေးတွေကို ပိုပြီးချစ်စရာကောင်းသွားစေပါတယ်။

ဒါ့ကြောင့် ဆံပင်စတိုင်လ်ပြုလုပ်တဲအ့ခါမှာလည်း မိန်းကလေးကို ပိုပြီးလှသွားစေပါတယ်။ ကဲ…ဒါဆိုရင် လှပတဲ့ ဖဲပြားလေးတွေနဲ့ ဆံပင်စတိုင်လ်အမျိုးမျိုးလုပ်ပြီး သင့်ရဲ့ တစ်နေ့တာ ဖက်ရှင်အတွက် အသုံးပြုနိုင်ဖို့ အခုပဲ့မျှဝေပေးလိုက်ပါတယ်နော်။

ဆံပင်တစ်ဝက်စည်းမယ်

ဆံပင်စည်းမယ်

ဆံထုံးထုံးမယ်

ကျစ်ဆံမြီးကျစ်မယ်

Photo Source: Pinterest