မင်္ဂလာပါ ပျိုမေတို့ရေ။ အဖြူရောင် တီရှပ်လေးတွေဆိုတာ မိန်းကလေးတိုင်းနဲ့လိုက်ဖက်သလို ဘယ်ရာသီမဆို ဝတ်လို့ရတဲ့အပြင် တစ်ထည်ရှိရုံနဲ့ အမျိုးမျိုးတွဲစပ်ပြီး ပြောင်းဝတ်နိုင်တာမို့ ရှင်းရှင်းလေးနဲ့ ဘယ်တော့မှမရိုးတဲ့ အင်္ကျီတစ်မျိုးလို့ ပြောလို့ရပါတယ်။ သင်ကိုယ်တိုင်လည်း အဖြူရောင် Basic တီရှပ်တစ်ထည် ပိုင်ဆိုင်ထားတယ်ဆိုရင် အခုဆောင်းပါးမှာပါတဲ့ Outfit အိုင်ဒီယာတွေကတစ်ဆင့် သင့်ဖက်ရှင်ကို တစ်ဆင့်မြှင့်နိုင်မှာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် အဖြူရောင် တီရှပ်တွေကို ဖက်ရှင်ပိုကျသွားအောင် အမျိုးမျိုးတွဲစပ်ဝတ်နိုင်မယ့် Outfit အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရှင်းရှင်းလေးနဲ့ Classic အဖြစ်ဆုံးစတိုင်လေးအတွက် အဖြူရောင်တီရှပ်ကို ဂျင်းဘောင်းဘီခါးထဲထည့်ဝတ်မယ်။


ပေ့ါပေါ့ပါးပါး Look လေးအတွက် ဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်ပါမယ်နော်။ ရာသီဥတုအေးတဲ့အချိန်ဆိုရင်တော့ အပေါ်က ဆွယ်တာလက်ပြတ်လေးတွေ ထပ်ဝတ်ပေးလိုက်ပါ။


အဖြူရောင်တီရှပ်လက်ရှည်ရှိတယ်ဆိုရင် အောက်က Tennis စကပ် (သို့) စကပ်တိုလေးတွေနဲ့ တွဲဝတ်ကြည့်ပါနော်။လူငယ်ဆန်ပြီးချစ်စရာကောင်းသလို ဆွဲဆောင်မှုလည်းရှိတဲ့ Outfit လေးပါ။

Maxi စကပ်လို့ခေါ်တဲ့စကပ်ရှည်လေးတွေကလည်း ပေါ့ပေါ့ပါးပါးတီရှပ်အဖြူလေးနဲ့ တွဲဖက်ဝတ်လို့လှပါတယ်။


အပေါ်ထပ် Oversized Boyfriend ရှပ်လေးတွေနဲ့ တွဲပြီးဝတ်ပေးတာကလည်း ရာသီမရွေးအဆင်ပြေသလို ရှင်းရှင်းလေးနဲ့ အထာကျစေမှာပါ။


ရှပ်အဖြူလေးပေါ်မှာ အပေါ်ထပ်အင်္ကျီအရောင်လွင်လွင်၊ ဂျင်းပြာလေးတွေနဲ့တွဲပြီး Pastel အရောင်နုဖက်ရှင်လေးတွေ ဝတ်တာကလည်း ကြည့်လိုက်တာနဲ့ မျက်စိအေးပြီး Fresh ဖြစ်နေတဲ့ စတိုင်လေး ပိုင်ဆိုင်စေမှာပါနော်။

Photo Source: Pinterest

By MyStyle Myanmar