ဓာတ်ပုံရိုက်မယ့်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းပြီး လှလည်းလှနေစေမယ့် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာ အရမ်းမခက်ခဲတဲ့ ပို့စ်လေးတွေဖြစ်တာကြောင့် အဆင်ပြေမှာပါ။

ဆိုဖာပေါ်မှာထိုင်ရိုက်တဲ့အခါ ကင်မရာကိုမကြည့်ပဲ ဒီလိုလေးပို့စ်ပေးရိုက်တာက လှပပြီး ဆွဲဆောင်မှုပိုရှိစေပါတယ်။

ဆိုင်မှာထိုင်စားရင်းနဲ့ အစားအသောက်နဲ့ရိုက်မယ်ဆိုရင် မေးထောက်တဲ့ပို့စ်တွေက ရိုးနေပြီလို့ထင်တဲ့အခါ လက်နှစ်ဖက်ကို ဒီလိုလေးလုပ်ပြီး ပို့စ်ပေးကြည့်နော်။

ကင်မရာကို ဒီလိုလေးမော့ကြည့်ပြီး ရိုက်တာမျိုးက လှပပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ဒီပို့စ်လေးကတော့ ချစ်ဖို့ကောင်းတဲ့ ပို့စ်လေးပါ။ ပုံတွေရိုက်ရတာထပ်လာရင် ဒါမျိုးလေးလည်း ပြင်ဆင်ပြီးရိုက်ကြည့်နော်။

ခုံမှာထိုင်ရိုက်တဲ့အခါ ချစ်ဖို့ကောင်းပြီး လှလည်းလှနေစေမယ့် ပို့စ်လေးပါပဲ။ မျက်စိမှိတ်ပြီး ပြုံးနေတဲ့ပို့စ်လေးကြောင့် ပိုပြီးချစ်ဖို့ကောင်းသွားစေတာပါ။

သက်တောင့်သက်သာဖြစ်တဲ့ look လေးနဲ့ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ပို့စ်အိုင်ဒီယာလေးပါပဲ။

ဂါဝန်လေးတွေနဲ့ မိန်းကလေးဆန်ဆန်လေး ဝတ်ထားတဲ့အခါမှာတော့ ဒီလိုလေးပို့စ်ပေးရိုက်ကြည့်နော်။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ကင်မရာမကြည့်ချင်တဲ့သူတွေအတွက် ပို့စ်အိုင်ဒီယာလေးပါ။ ဒီလိုပုံလေးတွေရိုက်ရင် ဆံပင်ကိုတစ်ဖက်ချထားတာမျိုးလေးက ပိုလှပါတယ်။

နေရောင်ထဲမှာရိုက်တဲ့အခါ အလှပိုပေါ်လွင်စေမယ့် ပို့စ်လေးပါ။ ဆွဲဆောင်မှုရှိပြီးလှပါတယ်။

ကြောင်လေးတွေ ခွေးလေးတွေနဲ့ရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာလေးပါ။ ချစ်ဖို့လည်းကောင်းပါတယ်။