လက်သည်းပုံဖော်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာော့ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ အကွက်လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ဖို့ ဆိုင်ရောက်ရင် ဒီဇိုင်းကို အချိန်ပေးပြီး စဉ်းစားနေစရာမလိုအောင် ဒီလက်သည်းဒီဇိုင်းလေးတွေကို ကြည့်ပြီးရွေးထားလိုက်တော့နော်။

ဘယ်တော့မှရိုးမသွားပဲလှနေမယ့် လက်သည်းဒီဇိုင်းလေးပါ။ အကွက်ကို လက်ငါးချောင်းလုံး ပုံဖော်ထားတာမဟုတ်တာကြောင့် လူငယ်ဆန်ပြီး ဒီဇိုင်းဆန်းပါတယ်။

အစိမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းပြီး လူငယ်ဆန်တဲ့ အကွက်လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအရှည်မထားတဲ့ သူတွေနဲ့ပါ လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။

အစိမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအရှည်နဲ့ဆို ပိုပြီးလှမှာပါ။

ဒီအကွက်လက်သည်းဒီဇိုင်းလေးဆိုရင် တစ်ချောင်းထဲကို အကွက်ပုံဖော်ပြီး ကျန်တာတွေကိုလည်း ဒီဇိုင်းတစ်မျိုးစီလုပ်ထားတာ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ လက်သည်းအတိုအရှည် အားလုံးနဲ့လိုက်ဖက်ပါတယ်။

အညိုရောင်လေးကိုသုံးပြီး အကွက်ဒီဇိုင်းပုံဖော်ရင် ဘိုဆန်ပြီး အရမ်းလှပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လူငယ်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းနေမယ့် ဒီဇိုင်းလေးပါ။

လက်သည်းအရှည်မထားတဲ့ ကောင်မလေးတွေအတွက် အရောင်ငြိမ်ငြိမ်လေးနဲ့ လှနေမယ့် အကွက်လက်သည်းဒီဇိုင်းလေးပါ။

Butter Cake အကွက် လက်သည်းဒီဇိုင်းလေးဖြစ်လို့ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမှာ သေချာပါတယ်။

အနီနဲ့အနက်စပ်ပြီး ပုံဖော်ထားတဲ့ အကွက်လက်သည်းဒီဇိုင်းလေးဖြစ်လို့ လက်ကိုပိုပေါ်လွင်စေပြီး အရမ်းလှပါတယ်။

ဒီအကွက်လက်သည်းဒီဇိုင်းလေးဆိုရင် အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ ရပါသေးတယ်။ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ဒီဇိုင်းလေးပါ။

အကွက်လက်သည်းဒီဇိုင်းတွေထဲမှာမှ နောက်ထပ်ဒီဇိုင်းအဆန်းလေးပါ။ အရမ်း Cute ဖြစ်တာမျိုး မကြိုက်တဲ့သူတွေအတွက် ကွက်တိပါပဲ။

Photo source:www.pinterest.com