ပိန်တဲ့ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းပြီး လှလည်းလှနေစေမယ့် ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အရမ်းရှုပ်ယှက်ခတ်နေတဲ့ ဖက်ရှင်မျိုးတွေကို သိပ်မကြိုက်တဲ့သူတွေဆိုရင် ဒီဖက်ရှင်လေးတွေကို သဘောကျမှာပါ။
ဒီလိုကုတ်နဲ့ဝမ်းဆက်လေးဆိုရင် ပိန်ပြီးသေးတဲ့ ကောင်မလေးတွေဝတ်ရင် ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ အရောင်နုနုလေးတွေနဲ့ဆို ပိုလိုက်ပါတယ်။
ဒီဖက်ရှင်လေးဆိုရင်တော့ ရှင်းရှင်းလေးနဲ့ လူငယ်ဆန်ပြီး ဖက်ရှင်ကျလှနေတာဖြစ်သလို ချစ်ဖို့လည်း ကောင်းပါတယ်။ ထသွားထလာအတွက်ပဲဖြစ်ဖြစ် date လုပ်ရင်ပဲဖြစ်ဖြစ် အရမ်းအဆင်ပြေတဲ့ ဖက်ရှင်လေးပါ။
စကပ်အတိုလေးတွေဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေဆိုရင် ဒီလိုဖက်ရှင်လေး ဝတ်ကြည့်ပါ။ ထသွားထလာအတွက် အရမ်းအဆင်ပြေပြီး ပေါ့ပါးမှုရှိစေပါတယ်။
Leather စကပ်လေးတွေဝတ်တဲ့အခါ ဘာနဲ့တွဲဝတ်ရမှန်းမသိရင် body fit အနက်ရောင်လေးနဲ့သာ ဒီလိုတွဲဝတ်လိုက်နော်။ ရှင်းရှင်းလေးနဲ့ လှနေပါလိမ့်မယ်။
မိန်းကလေးဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းနေစေမယ့် ဖက်ရှင်လေးပါ။ ကောင်လေးနဲ့ date လုပ်တဲ့အခါ ဒီလိုလေးဝတ်ကြည့်နော်။
ပိန်တဲ့ကောင်မလေးတွေက ဘောင်းဘီအရှည်လေးတွေ ဝတ်မယ်ဆိုရင် crop top အင်္ကျီလေးတွေနဲ့သာ တွဲဝတ်ပါ။ ပိုလိုက်ဖက်ပြီး လှပါတယ်။
Freestyle ပုံစံလေးနဲ့ ဖက်ရှင်ကျပြီး လှနေစေမယ့် ဖက်ရှင်လေးပါ။ ထသွားထလာအတွက် ဒါမျိုးလေးကလည်း အရမ်းအဆင်ပြေပါတယ်။
ပိန်ပြီးတော့ အရပ်လည်းရှည်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးနဲ့ လိုက်ပါတယ်။ နောက်ပိုင်း ခေတ်စားနေတဲ့ ဖက်ရှင်စတိုင်လ်လေးပါပဲ။
စကပ်အရှည်တွေဝတ်မယ်ဆိုရင် ဒီလိုစကပ်လေးတွေက body shape ပေါ်လွင်စေပြီး ပိုပြီးတော့လည်း လှပါတယ်။
Photo source:www.pinterest.com