Korean Look ကြိုက်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ Everyday Korean Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အဆင်ပြေတဲ့ Look လေးဆိုတော့ ပိုအဆင်ပြေတာပေါ့။

အရင်ဆုံးလိုအပ်တဲ့ Step တွေလိမ်းပြီးတော့ အောက်ခံမိတ်ကပ် Foundation ကို စလိမ်းပါမယ်။

မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းပဲ ဆွဲပေးပါ။ အရမ်းထူနေတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်ဆံပင်အရောင်နဲ့လိုက်အောင် ဆွဲပေးပါ။ ပြီးရင် Brow Brush နဲ့ ဖြီးပါမယ်။

Eyeshadow ကိုတော့ Peach Color အရောင်ဖျော့လေးကို မျက်ခွံမှာ ခြယ်ပါမယ်။

မျက်လုံးအောက်နားကိုလည်း အလယ်လောက်ကစပြီး အနောက်ဘက်အထိ ခြယ်ပေးပါ။

မျက်လုံးအနောက်ထောင့်စွန်းနေရာနဲ့ မျက်ခွံကမျက်ရစ်လိုင်းနေရာလေးကို အညိုဘက်သွားတဲ့ Eyeshadow Color လေးခြယ်ပါမယ်။

Eyeliner ကို မျက်လုံးအတွင်းနားလေးကကပ်ပြီး မျှင်မျှင်လေးဆွဲပေးပါ။ ပြီးမှ Wing လေးထွက်အောင် ထပ်ဆွဲပေးပါ။

ရွှေရောင်ဘက်သွားတဲ့ Glitter Eyeshadow ကို မျက်ခွံမှာ ထပ်ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း အရှေ့နားကနေစပြီး အလယ်နားထိရောက်အောင် ခြယ်ပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

Eyeshadow အညိုရောင် (သို့) Contour အညိုဖျော့ရောင်နဲ့ နှာတံဖော်ပါမယ်။

နှာတံနဲ့ မျက်လုံးအရှေ့ထောင့်နား၊ ပါးရိုးနေရာ၊ အပေါ်နှုတ်ခမ်းထိပ်နားနဲ့ မေးစိကို Highlighter ခြယ်ပါမယ်။

ပါးနီကိုတော့ Peach Color ပဲ ခြယ်ပါမယ်။

နှုတ်ခမ်းနီကိုလည်း Peach Color လေးပဲ ဆိုးပါမယ်။

ဒါဆိုရင်တော့ ချစ်ဖို့ကောင်းသလိုလှလည်းလှတဲ့ Everyday Korean Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။