အခုခေတ်မှာဆိုရင် မိန်းကလေးတွေလည်း တက်တူးထိုးတာ ပိုများလာပါတယ်။ အကြီးကြီးမဟုတ်တောင် Mini တက်တူးလေးတွေ ထိုးကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေအတွက် အမြင်မရိုင်းပဲ လှပပြီး ချစ်ဖို့လည်းကောင်းတဲ့ ကာလာတက်တူးဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ့် Zodiac Sign လေးတွေကို ဒီလိုလေး ထိုးလို့ရပါတယ်။ ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းပြီးဆန်းတဲ့ ဒီဇိုင်းလေးပါ။

လက်မောင်းမှာ စာသားကို ဒီလိုကာလာစုံလေး ထိုးတာလည်း ချစ်ဖို့ကောင်းပါတယ်။ လူငယ်လည်းဆန်တာကြောင့် မိန်းကလေးတွေအပြင် ယောင်္ကျားလေးတွေနဲ့ပါ လိုက်ဖက်ပါတယ်။

မိန်းကလေးတွေ ရင်ဘတ်မှာ စာသားထိုးကြတာ များပါတယ်။ ဒါဆိုရင် ချစ်ဖို့ကောင်းသွားရင် ဒီလိုကာလာစုံလေး ထိုးကြည့်ပါ။

လိပ်ပြာပုံလေးနဲ့ ကိုယ်ရေးချင်တဲ့စာလေးနဲ့ ဒီလိုမျိုးလေး ထိုးလို့လည်း ရပါတယ်။ အရမ်းလှတဲ့ တက်တူးဒီဇိုင်းလေးပါ။

ပန်းပုံကို အသက်ဝင်အောင် ကာလာနဲ့ထိုးတာက ပိုပြီးလှပါတယ်။ မိန်းကလေးလည်း ပိုဆန်ပါတယ်။

လက်မှာ ကိုယ်ရေးချင်တဲ့စာနဲ့ ပန်းခတ်ပုံလေးထိုးတာကလည်း ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။

နားအနောက်မှာ ကာလာနဲ့ ပန်းပုံလေးတွေ ထိုးတာကလည်း အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ တစ်ပွင့်တည်းထိုးတာလည်း ချစ်ဖို့ကောင်းသလို များများလေးထိုးတာကလည်း လှပါတယ်။

နှင်းဆီပန်းပုံလေးတွေ ထိုးရတာကြိုက်ရင် ဒီလိုလေးတွေလည်း ထိုးလို့ရပါသေးတယ်။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ဒီတက်တူးဒီဇိုင်းဆိုရင် အနုပညာဆန်ပြီး အရမ်းလှပါတယ်။ ဒီဇိုင်းဆန်းတာ၊ သူများထက်ထူးတာလေးတွေ ထိုးချင်ရင် ဒီတက်တူးဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

Photo source:www.pinterest.com