မိန်းကလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ လိပ်ပြာလက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လိပ်ပြာဒီဇိုင်းလေးတွေက ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။ အဖြူနဲ့ ခရမ်းရောင်ပြေးလေးမှာ လိပ်ပြာပုံဖော်ထားတာဖြစ်လို့ ထင်းနေတာပါပဲ။

အဖြူရောင်မှာ လိပ်ပြာပုံဖော်ပြီး ကျောက်လေးကပ်ထားတာ ရိုးရှင်းပြီး အရမ်းလှပါတယ်။ ပွဲတွေသွားစရာရှိရင်တောင် ဒီလက်သည်းဒီဇိုင်းလေးနဲ့ဆို အရမ်းလိုက်ပါတယ်။

ပန်းရောင်ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ တစ်ချောင်းထဲကို ပုံဖော်ထားတာဖြစ်လို့ ရှင်းပြီးလှပါတယ်။

လိပ်ပြာလေးထင်းနေတာမျိုးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ အရောင်လေးကအစ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။

လက်သည်းအချွန် အရှည်ကြီးထားတဲ့သူတွေဆိုရင် လိပ်ပြာဒီဇိုင်းကိုမှ ဒီလိုလေးပုံဖော်ကြည့်ပါ။ အရောင်ကအစ အရမ်းအသားဆောင်ပါတယ်။

လက်သည်းအချွန် အရှည်ကြီးထားတဲ့သူတွေက ဒီလိုဒီဇိုင်းလေးနဲ့လည်း အရမ်းလိုက်ပါတယ်။ လိပ်ပြာလေးတွေ ရောင်စုံပါတာကြောင့် ပိုချစ်ဖို့ကောင်းပြီး ဒီဇိုင်းလည်းဆန်းပါတယ်။

အနက်ရောင်ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းသာ ပုံဖော်ပါ။ အနက်ဆိုးပြီး လိပ်ပြာကို အကြီးကြီးပုံဖော်ထားတာ အရမ်းမိုက်ပြီး လှလည်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လိပ်ပြာပုံလေးထင်းပြီး အရမ်းလှပါတယ်။

အဖြူရောင်ကြိုက်ရင်တော့ အဖြူရောင်ဆိုးပြီးသာ လိပ်ပြာဒီဇိုင်းလေးပုံဖော်ပါ။ ပိုပေါ်ပြီးလှပါတယ်။ လိပ်ပြာအရောင်ကို အပြာနဲ့ ခရမ်းလေးသာ ရွေးချယ်ပါ။ ပိုလှပါတယ်။

မိုးပြာရောင်လေးကြိုက်ရင် ဒီလက်သည်းဒီဇိုင်းကိုသာ ရွေးချယ်ပါ။ လိပ်ပြာက သေးသေးလေးတွေဖြစ်လို့ ချစ်ဖို့ကောင်းပါတယ်။