လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုလည်းရှိတဲ့ Igari Makeup Look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ လူငယ်ကောင်မလေးတွေ Makeup ပြင်ပြီဆိုရင် ဒီလို Look လေးတွေ ပြင်ကြတာများပါတယ်။

အရင်ဆုံး Skincare လိမ်းပြီး Primer လိမ်းပါမယ်။

ပြီးမှ အောက်ခံ Makeup Foundation လိမ်းပါမယ်။

မျက်ကွင်းညိုတဲ့နေရာ၊ နှာခေါင်းဘေးဘက်နဲ့ နှုတ်ခမ်းဘေးနားလေးတွေကို Concealer လိမ်းပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် Brow Gel နဲ့ ဖြီးဖို့လည်း မမေ့ပါနဲ့။ ဒါမှ မျက်ခုံးမွှေးက တစ်မျှင်ချင်းဖြစ်ပြီး Natural ဆန်ပြီးလှနေမှာပါ။

Makeup ပြင်တဲ့အခါ ဆွဲဆောင်မှုရှိတဲ့ Look မျိုးလိုချင်ရင် မျက်ကပ်မှန်တပ်တာ ပိုလှပါတယ်။

Eyeshadow ခြယ်ဖို့အတွက် အညိုရောင်အဖျော့ကိုယူပြီး မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုလည်း နည်းနည်းခြယ်ပါမယ်။

ပန်းရောင် Eyeshadow လေးကို မျက်ခွံတစ်ဝက်လောက်အထိ ခြယ်ပါမယ်။

မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပါမယ်။

Pencil Eyeliner နဲ့ မျက်လုံးအတွင်းနားကို ဆွဲပါမယ်။ ပြီးမှ Liquid Eyeliner နဲ့ Wings လေးဆွဲပေးပါ။

အညိုရောင် Eyeshadow ကို မျက်လုံးအောက် မျက်သားအတွင်းနေရာလေးကို ကပ်ပြီးတော့ ခြယ်ပါမယ်။

အဖြူရောင် Glitter Eyeshadow ကို မျက်လုံးအောက်နားမှာ ခြယ်ပါမယ်။

Eye Look လေးပိုလှသွားအောင် မျက်တောင်တု တပ်ပါမယ်။

Eyeshadow အညိုရောင်နဲ့ နှာတံဖော်ပြီး မေးရိုးနဲ့ပါးရိုးကိုလည်း နည်းနည်းချပါမယ်။

ပါးနီကို ပန်းရောင်လေးခြယ်ပါမယ်။ ပုံမှာခြယ်ပြထားတဲ့အတိုင်းလေး ခြယ်ပေးပါ။

နှာတံကို Highlighter ခြယ်ပါမယ်။ ပါးရိုး၊ မေးစိနဲ့ တခြား ကိုယ်သုံးချင်တဲ့နေရာရှိရင်လည်း သုံးလို့ရပါတယ်။

နှုတ်ခမ်းနီကို အညိုဖောက်တဲ့အရောင် (သို့) လိမ္မော်ဘက်သွားတဲ့အရောင်လေးတွေ ဆိုးပေးပါ။

ဒါဆိုရင်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုလည်းရှိတဲ့ Igari Makeup Look လေးကို ရရှိသွားပါပြီ။