စတိုင်ကျဖို့အတွက် Fashion Accessories တွေကို မရှိမဖြစ် လိုအပ်ပါတယ်။ သင် လိုချင်တဲ့ ရည်ရွယ်ချက်အလိုက် ကြုံရင်ကြုံသလို Accessories တွေကို စုထားသင့်ပါတယ်။ ဒီလို စုတဲ့နေရာမှာ Tip တစ်ခုကတော့ ကိုယ့်မှာ ရှိတဲ့ အင်္ကျီ အဝတ်အစား အရောင် နဲ့ တူတဲ့ ပစ္စည်းမျိုးကို ပိုစုတာပါ။ အရောင်တူတဲ့ Fashion Accessories တွေက သင့်ကို ပိုမိုက်နေစေမှာပါ။ ဒီတစ်ခေါက်မှာတော့ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတွေမှာ ရှိထားသင့်တဲ့ Fashion Accessories ပစ္စည်းတွေကို ဖော်ပြပါရစေ။

၁။ Butterfly Clipper

လိပ်ပြာပုံစံ ဆံပင် နောက်ညှပ် ကလစ်တွေက ဝတ်ဆင်သူကို နောက်က ကြည့်ရုံနဲ့တင် ချစ်ဖို့ကောင်းတယ်လို့ မှတ်ချက်ပေးနိုင်တဲ့အထိ Cute ဖြစ်တဲ့ ပစ္စည်းတစ်မျိုးပါ။ အကြည်ရောင်၊ ပန်းရောင် လိပ်ပြာကလစ်တွေက ပိုချစ်ဖို့ကောင်းပါတယ်။

၂။ Caps

လူငယ်ဆန်ဆန် ချစ်ဖို့ကောင်းချင်တဲ့ ပျိုမေတို့ အနေနဲ့ လျှာထုတ် Caps တွေကို လိုအပ်ပါတယ်။ Caps တွေက ပေါ့ပေါ့ပါးပါးနဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အသုံးတည့်တဲ့ ပစ္စည်းတွေပါ။

၃။ Headbands

ခေါင်းကို စည်းရတဲ့ Headbands တွေကို စတိုင်ကျဖို့ လိုအပ်သလို ခေါင်းမလျှော်တဲ့ ရက်တွေမှာလည်း လိုအပ်ပါတယ်။ သင့်အင်္ကျီအရောင်အလိုက် Headbands တွေကို ရွေးချယ်နိုင်ပါတယ်။

၄။ Bucket Hats

လျှာထုတ် ဦးထုပ်လိုပဲ ထပ်လိုတဲ့ Fashion Accessories က Bucket Hat ပါ။ Bucket Hat နဲ့ ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ပုံစံကို တွဲဖက်လေ့လာသင့်ပြီး အနက်ရောင်၊ အပြာရောင်၊ ပန်းရောင် စတဲ့ Bucket Hat တွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar