လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ Photo Pose Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် ဓာတ်ပုံဘယ်လိုရိုက်ရမလဲ၊ ဘယ်လို Pose ပေးရမလဲ မသိတော့တဲ့အခါ ဒီ Photo Pose Idea လေးက အသုံးဝင်စေမှာပါ။

ဒီလိုဖက်ရှင်လေးနဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် ပန်းလေးကိုင်ပြီးတော့ရိုက်ပါ။ ပိုလှပါတယ်။ Pose မပေးတတ်ရင် ဒီပုံလေးထဲကအတိုင်း လုပ်ကြည့်လို့လည်း ရပါတယ်။

ဒီ Pose လေးကတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

ရုတ်တရက်ရိုက်လိုက်သလိုမျိုးလေး Pose ပေးချင်ရင်တော့ ဒီပုံလေးအတိုင်းသာ Try ကြည့်ပါ။

အိမ်မှာ သေချာပြင်ဆင်ပြီး ဒီလိုရိုက်လို့လည်း ရပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ ကာကာစိုတာ၊ လင်းတာလေးတွေကို ဝတ်တာမျိုးက ပိုပြီးလှပါတယ်။

Pose သိပ်မပေးတတ်တဲ့သူတွေအတွက်တော့ ဒီ Pose လေးက ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ မျက်နှာလေး ပြုံးရယ်ပြီးနေရင်တော့ ပိုချစ်ဖို့ကောင်းပါတယ်။

သိပ်မပြုံးရယ်တတ်တဲ့သူတွေအတွက် အရမ်းအသုံးဝင်မယ့် Pose Idea လေးဖြစ်ပါတယ်။

Heart Sign လေးလုပ်ပြီး ချစ်ဖို့ကောင်းအောင် ဒီလိုလေး Pose ပေးကြည့်ပါ။ ရှုခင်းလှတဲ့နေရာ၊ Lighting ကောင်းတဲ့နေရာမှာရိုက်ရင် ပိုကောင်းတဲ့ပုံလေး ထွက်လာမှာပါ။

တစ်ကိုယ်လုံးပုံလေးရိုက်တဲ့အခါမှာ ချစ်ဖို့ကောင်းအောင် ဒီလိုလေး Pose ပေးကြည့်ပါ။

ကိုယ်ရိုက်မယ့်နေရာမှာ မှီစရာနေရာလေးရှိရင် ဒီလိုလေး Pose ပေးပြီးရိုက်ကြည့်ပါ။ မျက်နှာထားကို သေချာလေးလုပ်တတ်ရင် အရမ်းလှတဲ့ ပုံကောင်းလေး ရလာမှာပါ။

ကိုယ်ရဲ့ဖက်ရှင်အားလုံးလည်း ပေါ်လွင်စေမယ့် Pose လေးဖြစ်ပါတယ်။ မြက်ခင်းရှိရင် ဒီလိုလေးလည်း ရိုက်ကြည့်ပါ။

Photo source:www.pinterest.com