Selfie ဆွဲတိုင်း Pose တွေထပ်လာလို့ စဉ်းစားရခက်နေပြီလား။ သင်က Selfie ဆွဲရတာကြိုက်တဲ့ဆိုရင် ရိုက်သမျှပုံတိုင်းမထပ်ရအောင် Pose အသစ်အဆန်းလေးတွေ သိထားတာ အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာ Selfie ရိုက်လေ့ရှိတဲ့ လူငယ်ကောင်မလေးတွေ အိုင်ဒီယာယူနိုင်ဖို့ လတ်တလော ခေတ်စားနေတဲ့ Selfie Pose လးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ Kpop Idol တွေနဲ့ အနောက်တိုင်း ဆယ်ကျော်သက် Cele လးတွေကိုယ်တိုင် ရိုက်လေ့ရှိတဲ့ ခေတ်ဆန်ဆန် Pose တွေဖြစ်တာမို့ ပျိုမေတိုင်းနဲ့ အဆင်ပြေပြီး ရိုက်သမျှပုံတိုင်း ပုံထွက်လှစေမှာပါ။ ဒီတော့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်-

ဒီ Pose လေးက အခုနောက်ပိုင်း ကောင်မလေးတွေကြား အရမ်းခေတ်စားပါတယ်။ သူက Selfie ကိုမှ တစ်ကိုယ်လုံး Outfit ကနေ ဖိနပ်အထိပေါ်အောင် ရိုက်ချင်သူတွေအတွက်ဖြစ်ပြီး ပုံထဲမှာ Cool Girl ပုံစံလေးနဲ့ အထာအရမ်းကျပါတယ်။ ကင်မရာကို ခပ်မြင့်မြင့်မြှောက်ပြီး အပေါ်စီးရိုက်တာမျိုး လုပ်ပေးရတာပါ။


Mirror Selfie ရိုက်တတ်သူတွေအတွက်ပါ။ မှန်ရှေ့မှာ ဒီတိုင်းရပ်မနေဘဲ Pose လေးဆန်းသွားအောင် လက်ကို ရှေ့ထုတ်လိုက်တာမျိုး လုပ်ကြည့်ပါ။ အောက်ကပုံထဲကလို Pose လေးလုပ်ပေးနိုင်ပါတယ်။


နောက်ထပ် ခေတ်စားတဲ့ Mirror Selfie ရိုက်တဲ့ပုံစံပါ။ မှန်ရှေ့ ကင်မရာလှည့်ထားပြီး မြင်ရတဲ့ပုံစံကို ပြောင်းပြင်အနေအထားရိုက်ရမှာဖြစ်ပါတယ်။ ပုံစံလုံးဝကွဲထွက်စေမယ့် အမိုက်စား Pose ဖြစ်ပါတယ်။


မှန်ရှေ့ရိုက်ရင် အရင်လို မှန်အကြီးတွေထက် မှန်သေးသေးလေးတွေနဲ့ရိုက်တာက သင့်ရဲ့ Mirror Selfie ကို တစ်ဆင့်မြှင့်လိုက်သလို ဖြစ်စေပါတယ်။


ပါးလေးတစ်ဖက်ကို လက်ညိုးလေးထိုးပြီး ရိုက်ကြည့်ပါ။ ပါးချိုင့်လေးပါတဲ့သူဆို ဒီ Pose နဲ့ပိုလိုက်ပါတယ်။ Idol တွေရဲ့ Selfie Pose တစ်မျိုးဖြစ်ပြီး ကလေးလေးလို ချစ်စရာကောင်းစေမှာပါ။


နောက်ထပ် Kpop Idol တွေလုပ်တတ်တဲ့ Pose တစ်မျိုးဖြစ်ပါတယ်။ Cat Ear ပိုစ့်လို့ခေါ်ပြီး ကြောင်နားရွက်လေးတပ်ထားသလို လက်နှစ်ချောင်းကို ခေါင်းမှာပြောင်းပြန်ထိုးထားတဲ့ပုံစံလေးလုပ်ရမှာပါ။


မေးလေးထောက်ပြီး Selfie ဆွဲတာကတော့ ဘယ်တော့မှမရိုးတဲ့ Pose လေးလို့ပြောလို့ရပါတယ်။ သူက ကင်မရာထဲ မျက်နှာအရမ်းကြီးသလိုမမြင်ရအောင်ပါ ကူညီပေးမှာပါ။


Idol တွေကတစ်ဆင့် လူသိများလာတဲ့ ချစ်စရာ Selfie Pose လေး ဖြစ်ပါတယ်။ အသည်းပုံလေးတစ်ခြမ်းကို ပါးပေါ်ထိထားတဲ့ဒီ Pose လေးက ပါးဖောင်းဖောင်းပိုင်ရှင်လေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပြီး ချစ်စရာကောင်းစေမှာပါ။


နောက်ဆုံး Pose လေးကို တော်တော်များများမြင်ဖူးမယ်ထင်ပါတယ်။ ဂျပန်လို Gyaru Pose လို့ခေါ်ပြီး လက်နှစ်ချောင်းကို အပေါ်မထောင်ဘဲ ရှေ့ထိုးထားတဲ့ ပုံစံလေးလုပ်ရမှာပါ။ ပုံမှန် လက်နှစ်ချောင်း Peace သင်္ကေတလုပ်တာထက် ပိုပြီးခေတ်ဆန်စေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar