ဆံပင်အကောက်လေးတွေက မိန်းကလေးတစ်ယောက်ကို ပိုထူးခြားကာ ပိုလှသွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်အကောက်က မျက်နှာကို ပိုသေးတယ် ထင်ရစေပါတယ်။ ဆံပင်အကောက်ကို ပျိုမေအများစု နှစ်သက်တတ်ကြပါတယ်။ သင်က ဆံပင်အကောက်လေး နှစ်သက်သူဆိုရင် အမြဲကောက်အောင် ဆိုင်မှာ ကောက်ထားတတ်သူလား၊ ဒါမှမဟုတ် တစ်နေရာရာ သွားစရာရှိမှ၊ လုပ်စရာ ရှိမှ ခဏတဖြုတ် ဆံပင်ကောက်တတ်သူလား။ အခုဖော်ပြမယ့် အကြောင်းအရာကတော့ ခဏတဖြုတ် ကောက်မယ့် ပျိုမေတို့အတွက် ရည်ရွယ်ပါတယ်။ သင့်ဆံပင်အမျိုးအစားအလိုက် ဆံပင်ဆိုင်မှာ ကိုယ်လိုချင်တဲ့ ပုံရအောင် ပုံသွင်းခိုင်းနိုင်ပါတယ်။ ဒီတော့ ပုံလှလှလေးတွေ ပြနိုင်ဖို့ သင် ရွေးချယ်နိုင်မယ့် ဆံပင်ကောက်စတိုင် လှလှလေးတွေကို ဖော်ပြပါရစေ။

ဆံပင်ကောက်သား သိပ်မပါတဲ့ စတိုင်

ပုံထဲက စတိုင်မျိုး ရဖို့ အပူချောင်းတောင် မလိုအပ်ပါဘူး။ Hair Dryer နဲ့ ဆံပင်ပုံသွင်းဘီး ရှိရုံနဲ့ ရပါတယ်။ ဒါမျိုးက ကောက်သား သိပ်ခံမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပြေပြေလေးနဲ့ ကြည့်ကောင်းပါတယ်။

ဆံပင်ရှည် ပိုင်ဆိုင်တဲ့ ပျိုမေတို့အတွက်

သင်က ဆံပင်အရှည်လေး ရှိတယ်ဆိုရင် ဒီပုံစံမျိုး ကောက်သားအကြီး ကောက်ဖို့ ပြောပြနိုင်ပါတယ်။ ကောက်သား ပြေပြေလေးမို့ အကောက်သေးလောက်တော့ မခံနိုင်ပါဘူး။

အနုစိတ် ကောက်သား

အချိုးအကွေ့လေးနဲ့ ကောက်သွားရတဲ့ ဒီစတိုင်လေးက သာမန် ကောက်တဲ့ပုံစံနဲ့ မတူတာကြောင့် ပျိုမေတို့ကို ထူးထူးခြားခြား လှစေမှာပါ။

ဆံပင်သိပ်မရှည်တဲ့ ပျိုမေတို့ ဒီပုံစံမျိုးလေး ကောက်နိုင်ပါတယ်။

Bang လေးနဲ့ ဆံပင်ကောက်တာကလည်း ပျိုမေတို့ နှစ်သက်လေ့ရှိကြတဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။

ဒီဆံပင်အကောက်စတိုင်က ဆံပင်အရောင်ဆိုးထားတဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပါတယ်။

အပူမပေးရတဲ့ ကောက်တံနဲ့ ကောက်နိုင်မယ့် ဆံပင်စတိုင်မျိုး ဖြစ်ပါတယ်။

ဆံပင်အတို ပျိုမေတို့ ပုံသွင်းနိုင်မယ့် Wavy Hairstyle ဖြစ်ပါတယ်။

Bang ကိုပါ ကောက်သွားအောင် ပုံသွင်းကာ ဆံပင်အကောက် ပြေပြေလေးက Cute Style ရအောင် ဖန်တီးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar