ဆံပင်အကောက်လေးတွေနဲ့ဆိုရင် တော်တော်လေးကို အထာကျပြီး မိုက်သွားစေပါတယ်။ ဒါကြောင့်လည်း တချို့ကောင်မလေးတွေက ဆံပင်အကောက်လေးတွေထားရတာကိုပဲ သဘောကျနှစ်သက်ကြတာပါ။ ဆံပင်ဖြောင့်တာကတော့ ဆံပင်ပုံစံကိုသိပ်စဉ်းစားနေစရာ မလိုပေမယ့် ဆံပင်အကောက်ထားတာကျတော့ စဉ်းစားဖို့လိုပါတယ်။

ဆံပင်ကောက်လိုက်ရင် ရုပ်ကပြောင်းသွားစေတယ်လေ။ ဒါကြောင့် ဆံပင်ကောက်ချင်တဲ့ မိန်းကလေးတွေအတွက် အထာကျပြီးမိုက်နေစေမယ့် ဆံပင်ပုံစံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်ကောက်တော့မယ်ဆိုရင် အရှေ့ဆံပင်ကို လုံးဝမညှပ်ပါနဲ့။ ဆံပင်ရှည်နေအောင်စောင့်ပါ။ ဒါမှလည်း ကောက်လိုက်ရင် ဆံပင်အရှည်က အနေတော်ဖြစ်သွားမှာပါ။ ပထမဆုံးဖော်ပြပေးလိုက်တဲ့ ဒီဆံပင်ပုံစံလေးဆိုရင် မိန်းကလေးတော်တော်များများလည်း သဘောကျမှာပါ။ သူက အလိပ်ကြီးကောက်ထားတာဖြစ်လို့ အရမ်းမိုက်ပါတယ်။ ဆံပင်အရောင်လေးနဲ့မှ လှမှာနော်။

ဒီဆံပင်အကောက်ပုံစံလေးကျတော့ ကိုရီးယားမလေးတွေတော်တော်များများ ကောက်ကြတဲ့ပုံစံလေးပါ။ ဒီဆံပင်ပုံလေးကျတော့ ဆံပင်အရောင်မဆိုးပဲ အနက်ရောင်လေးနဲ့တောင် လိုက်ဖက်မှုရှိစေပါတယ်။ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှုရှိစေမယ့် ဆံပင်ပုံစံလေးပါ။

ဒီဆံပင်ပုံစံလေးကျတော့ အောက်နားလေးကိုပဲ လိပ်ထားတာဖြစ်လို့ လူငယ်ဆန်ပြီး ချစ်စရာကောင်းစေပါတယ်။ ဆံပင်အရောင်လေးနဲ့ဆို ပိုပြီးလူငယ်ဆန်စေမှာပါ။ ဒီလိုဆံပင်ပုံစံလေးကျတော့ တစ်ခေါင်းလုံးကောက်ထားတာမဟုတ်လို့ လူတိုင်းနဲ့ လိုက်ဖက်မှုရှိစေမှာပါ။

လူကြီးဆန်ဆန်လေးနဲ့ အထာကျပြီးမိုက်နေချင်ရင်တော့ ဒီလိုဆံပင်ပုံစံလေးကိုရွေးချယ်နိုင်ပါတယ်။ ဒီဆံပင်အကောက်ပုံစံလေးက လူငယ်တွေနဲ့တော့ သိပ်မလိုက်ပါဘူး။

ဆံပင်ကိုအရောင်လေးဆိုးပြီး အလယ်လောက်ကနေ အလိပ်ကြီးကောက်လို့လည်းရပါတယ်။ ဒီဆံပင်ပုံစံလေးကျတော့ လူငယ်ဆန်ပြီး ချစ်စရာကောင်းစေပါတယ်။ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေဝတ်မယ်ဆိုရင်လည်း ဒီဆံပင်ပုံစံလေးနဲ့က အထာကျပြီး မိုက်နေစေမှာပါ။

ခေါင်းထိပ်ကနေစပြီး ဒီလိုလေးလည်း ကောက်လို့ရပါသေးတယ်။ ဒါကလည်း ကိုရီးယားမလေးတွေ တော်တော်များများကောက်ကြတဲ့ ဆံပင်ပုံစံလေးပါ။ သူကတော့ လူတိုင်းနဲ့မလိုက်ဖက်ပဲ မျက်နှာရွေးမယ်လို့ ထင်ပါတယ်။

နောက်ဆုံးအနေနဲ့ သူမကောက်ထားတဲ့ဆံပင်ပုံစံလေးဆိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ လှနေစေပါတယ်။ ဒါကြောင့် အသက် ၃၀ ဝန်းကျင်နဲ့ ၃၀ ကျော်မိန်းကလေးတွေဆိုရင် ဒီဆံပင်အကောက်လေးနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဆံပင်အရောင်ဖျော့ဖျော့လေးထည့်ပေးရင်တော့ ပိုပြီးလှသွားစေမှာပါ။

Photo Source: www.pinterest.com