မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ ဆံပင်အဖြောင့်ထက် ဆံပင်အကောက်ကို ပိုကြိုက်တဲ့သူ ဒါမှမဟုတ် ကိုယ့်မျက်နှာပုံစံက ဆံပင်အကောက်နဲ့မှ ပိုလိုက်တယ်လို့ ခံယူထားတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲနော်။ ဆံပင်မှာကောက်သားရှိတာက အုံပိုထူသလို မြင်ရတဲ့အပြင် မျက်နှာဘေးကို ဖောင်းတက်သွားတာမို့ မျက်နှာပိုသွယ်သွားသလိုလည်း ထင်ရပါတယ်။ ဒါ့အပြင် ဆံပင်အကောက်စတိုင်တွေက ပွဲတိုးသလို ဘယ်တော့မှမရိုးတာမို့ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် လူငယ်ဆန်တဲ့ ဆံပင်အကောက် Hairstyle လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံသားအပါး၊ အထူ၊ ဆံပင်အတို၊ အရှည်မရွေး လိုက်ဖက်မယ့်ပုံစံလေးတွေပါဝင်တာမို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

အတို၊ အရှည်မရွေးလိုက်ဖက်ပြီး ချစ်စရာကောင်းစေမယ့် အကောက်လိပ်အသေးတွေနဲ့ ခပ်ပွပွဆံပင်

ရှေ့ဆံမြိတ်ထားတဲ့ ဆံပင်တိုသူတွေနဲ့လိုက်မယ့် အကောက်ပုံစံ

နတ်သမီးလေးလို ဆံပင်အုံထူပြီး လှနေမယ့် Jelly အကောက်စတိုင်လေး

အောက်ပိုင်းပုံသွင်းပြီး လိပ်ထားတဲ့ လှိုင်းတွန့်အကောက်လေး

အကောက်လိပ်ခပ်ကြီးကြီး ကြိုက်သူတွေအတွက် အကောက်ကြီးစတိုင်

အထပ်ကေနဲ့ အကောက်လိပ်ရောထားတဲ့ပုံစံ

Photo Source: Pinterest

By MyStyle Myanmar