ဒီနေ့မှာတော့ Mystyle Myanmar ပျိုမေလေးတွေအတွက် အသားအရေနဲ့ပတ်သက်ပြီး သခွားသီးကို ဘယ်လိုအသုံးပြုပေးရင် ဘယ်လိုအကျိုးရှိတာလေးကို ဝေမျှပေးချင်ပါတယ်နော်။ အားလုံးသိတဲ့အတိုင်း သခွားသီးဟာ ရေဓာတ် ၉၅% ပါဝင်နေတဲ့ အသီးအနှံဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးပေးသလိုပဲ အလှအပဆိုင်ရာအတွက်ကိုလည်း ကောင်းကျိုးတွေအများကြီးရှိလို့နေပါတယ်နော်။

ရေဓာတ်ပြည့်ဝတဲ့အပြင်ကိုမှ antioxidants တွေပါဝင်နေပြီးတော့ vitamin C နဲ့ folic acid တွေလည်း ပါဝင်ပါသေးတယ်။ အဲဒါကြောင့် ဝက်ခြံတွေ အိုမင်းရင့်ရော်တာကို သက်သာစေတဲ့အပြင် ဘတ်တီးရီးယားတွေကိုလည်းသေစေတဲ့ သခွားသီးကို အသုံးပြုပြီး အိမ်မှာကိုယ်တိုင်ကိုယ်ကျ အလွယ်တကူ skin လေး careလိုက်ကြရအောင်နော်…

သခွားသီးသီးသန့်

သခွားသီးတစ်လုံးကိုယူပြီးတော့ blender နဲ့ အနည်းငယ်ကြိတ်လိုက်ပါ။ အဖတ်လေးတွေ အနည်းငယ်ဖြစ်လာတဲ့အခါ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ ခပ်ထူထူသုပ်ပြီးတော့ ၁၅ မိနစ်ခန့်ထားပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာကိုသစ်ချလိုက်ပါနော်။ နေ့တိုင်းလုပ်ပေးခြင်းဖြင့် မျက်နှာလေးဟာ အိစက်ပြီး နူးညံ့လာမှာပါနော်။

သခွားသီးနဲ့ ရှားစောင်းလက်ပတ်

သခွားသီးအနေတော်တစ်လုံးနဲ့ ရှားစောင်းလက်ပတ်တစ်မြှောင်းရဲ့တစ်ဝက်ကို ယူပါ။ Blender နဲ့ ၃ ချက်လောက်ကြိတ်ပြီးတော့ ရလာတဲ့အနှစ်ကို တစ်မျက်နှာလုံးကို လိမ်းနိုင်ပါတယ်။ ၁၅ မိနစ်လောက်ထားပြီးတော့ နောက် ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ကြည်လင်တောက်ပတဲ အသားရေလေးကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်နော်။

သခွားသီးနဲ့ပျားရည်

အခွံမခွာထားတဲ့ သခွားသီးတစ်လုံး၊ ပျားရည် ၂ ဇွန်းနဲ့ ရေ ၂ဇွန်းကို blanderထဲ ထည့်ပြီးမွှေပေးပါ။ သုံးပါမယ်။ ပျားရည်ဟာ မျက်နှာအသားအရေကို ညီစေတဲ့အပြင် ယောင်ယမ်းမှုတွေကို လျော့ကျစေပါတယ်နော်။ အဲဒီနောက်မှာတော့ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ချ လိုက်ပါ။ မျက်နှာအသားအရေညီညာပြီး စိုပြေတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်ရင်တော့ နေ့တိုင်းလုပ်ပေးပါနော်…