ပျိုမေလေးတို့ရေ လှတာမြင်ရင် သဘောကျတာ မိန်းကလေးတိုင်းရဲ့ သဘာဝပါနော်။ အဝတ်အစားလှလှလေးတွေဆို ဝတ်ချင်သလို လက်သည်းနီ ဒီဇိုင်းလှလှလေးတွေ မြင်တဲ့အခါလည်း ကိုယ့်လက်သည်းပေါ်တင်ချင်ကြတာချည်းပါပဲ။

ခေတ်ရေစီးကြောင်းတွေက အမြဲပြောင်းနေသလို Trend တွေကလည်း တစ်ခုပြီးတစ်ခု အသစ်ပေါ်နေမြဲပါပဲ။ အခုတစ်ခါမှာလည်း MyStyle Myanmar ရဲ့ စာဖတ်ချစ်ပျိုမေလေးတွေ မြင်လိုက်တာနဲ့ သဘောတွေ့သွားစေမယ့် လက်သည်းနီဒီဇိုင်းလေးတွေကို စုစည်းဖော်ပြပေးချင် ပါတယ်နော်။

Crystal လေးလိုကြည်လင်တာကိုမှ ပန်းလေးတွေနဲ့ပုံဖော်အလှဆင်ထားတာမို့ မိန်းကလေးတိုင်းသဘောတွေ့မယ်ဆိုတာ ယုံကြည်ပါတယ်။