အားလုံးပဲမင်္ဂလာပါ။ အနုပညာရှင်တွေရဲ့ ဖက်ရှင်ကဏ္ဍလေးမှာ ဒီတခါမှာတော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ထိုင်းမင်းသမီးလေး Mookda ရဲ့ Crop Top ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။
သူမရဲ့ ဖက်ရှင်တွေက မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီးတော့ အမြင်လည်းမရိုင်းသလို ကျော့ရှင်းလှပတယ်၊ အမြင်လှတယ် စတဲ့ ပုံစံလေးတွေချည်း ဝတ်တာများပါတယ်နော်။
Mookda က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကပဲ buang wimala (Innocent Lies) ဆိုတဲ့ ဇာတ်ကားထွက်ရှိထားပြီးတော့ ပွဲတွေလည်း ခဏခဏ တက်လေ့ရှိလို့ အင်တာဗျူးတွေမှာလည်း မကြာခဏ သူမကိုတွေ့ရလေ့ရှိပါတယ်။
အမိုက်စား ဖက်ရှင်တွေနဲ့ ဓာတ်ပုံတွေကိုလည်း သူမရဲ့ ပရိသတ်တွေဆီ မျှဝေလေ့ရှိသူလေးပါ။ ပျော်ပျော်နေတတ်တဲ့သူ စိတ်ချမ်းသာအောင်နေတတ်တဲ့သူ ကျန်းမာရေးလည်း လိုက်စားပြီး အားကစားလုပ်တာကြောင့်လည်း ခန္ဓာကိုယ်အချိုးအစားကို ကြည့်မယ်ဆိုရင် မိန်းကလေးချင်းတောင် ငေးလောက်စရာပါနော်။
သူမရဲ့ ဖက်ရှင်တွေက အမြဲတမ်း အမိုက်စားနဲ့ ပေါ့ပေါ့ပါးပါးလေးဝတ်ဆင်လေ့ရှိပါတယ်။
Image Source: Pinterest