အခုခေတ်မှာက လက်မှုပညာလေးတွေကလည်း ပြန်လည်ခေတ်စားလာနေပါတယ်။ အထူးသဖြင့် Crochet ထိုးနည်းလေးတွေပါ။ Crochet ကို ပိုင်ပိုင်နိုင်နိုင် ထိုးတတ်သူတွေအနေနဲ့ သော့ချိတ်၊ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ အရုပ်၊ လိုက်ကာ စသဖြင့် အမျိုးမျိုးကို ကြိုက်နှစ်သက်သလို ဖန်တီးရယူနိုင်ပါတယ်။

ဒီတစ်ခါမှာလည်း Crochet လက်မှုပညာကို ဝါသနာပါတဲ့ ပျိုမေလေးတို့အနေနဲ့ ကိုယ့်ရဲ့လက်ရာလည်းတိုးတက်အောင်၊ အကျီလှလှလေးတွေကိုလည်း ဝတ်ဆင်နိုင်ဖို့အတွက် ကိုယ်တိုင်ထိုးပြီးချုပ်ယူနိုင်စေဖို့အတွက် Crochet ဂါဝန်ဒီဇိုင်းလေးတွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

အပြင်မှာရောင်းနေကျ ဂါဝန်လေးတွေလည်းမဟုတ်တဲ့အတွက် သူငယ်ချင်းတွေကြားမှာ တစ်မျိုးလေးဆန်းပြီး ထင်ပေါ်လှပနေစေမှာ အသေချာပါပဲ။