အခုခေတ်မှာဆိုရင် မိန်းကလေးတော်တော်များများက Crochet ထိုးရတာကို ဝါသနာပါလာကြပြီးတော့ အမျိုးသားတချို့တောင်မှလည်း Crochet ထိုးနေကြတာကို တချို့နေရာတွေမှာ မြင်ဖူးကြလောက်မှာပါ။

Pattern ကို သိထားပြီးရင် ကိုယ်လိုချင်တဲ့ အရုပ်ကလေးတွေ၊ သော့ချိတ်လေးတွေ၊ ဦးထုပ်၊ ပုဝါ၊ အကျီ၊ ဘောင်းဘီ၊ စကပ် စသဖြင့် အမျိုးစုံကို ကျွမ်းကျင်ရင်ကျွမ်းကျင်သလို ထိုးယူနိုင်ပါတယ်နော်။

Crochet ထိုးရတာကလည်း ကြည့်ရင်သာ လွယ်မယ်၊ စိတ်ဝင်စားစရာကောင်းမယ်လို့ ထင်ရပေမယ့်လည်း တကယ်တမ်း ထိုးရသူတွေအဖို့တော့ တော်တော်လေး ပင်ပန်းလှပြီး အားစိုက်ထုတ်ရတဲ့ အလုပ်တစ်ခုပါ။

အခုလိုမျိုး ပင်ပန်းလှပေမယ့်လည်း နောက်ဆုံးရလဒ်က လှနေတယ်ဆိုရင် တော်တော်လေး စိတ်ကျေနပ်ရလို့ ထိုးနေကြသူတွေလည်း အများကြီးပါပဲ။

အခုတစ်ခါမှာလည်း Jessica Chambers ဆိုတဲ့ အမျိုးသမီးတစ်ဦးက အမိုက်စား Disney စတိုင်လ် ဂါဝန်လေးတွေကို ကြိုးစားထိုးယူခဲ့ပါတယ်။

ဘယ်လိုဒီဇိုင်းလေးတွေဖြစ်မလဲဆိုတာ အခုပဲ ကြည့်လိုက်ရအောင်နော်။

Image Source: Bored Panda