မင်္ဂလာပါ ပျိုမေလေးတို့ရေ၊ Eyeliner ဆွဲတဲ့အခါ စိတ်ရှည်ဖို့ရယ်၊ လက်ငြိမ်ဖို့ရယ် လိုအပ်ပါတယ်။ စိတ်ပျံ့လွှင့်သွားတာနဲ့ လက်လေးတစ်ချက်တွန့်သွားတာနဲ့တင် မျက်လုံးက မလှမပဖြစ်သွားတော့တာပေါ့။ တစ်ခါတလေကျရင်လည်း အရည်လိုင်နာထက်စာရင် ခဲတံလိုင်နာက ပိုသင့်တော်တာကို တွေ့ရပါတယ်။

ဒါဆိုရင် ပျိုမေလေးတို့ လိုင်နာဆွဲတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အမှားလေးတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

ခဲတံလိုင်နာသုံးမယ်ဆိုရင် ခဲတံက တုံးမနေဘဲ ချွန်ချွန်လေးဖြစ်နေဖို့ လိုအပ်ပါတယ်

အရောင်လိုင်နာအသုံးပြုတဲ့အခါမှာ အောက်မျက်ခမ်းစပ်နားကို မထည့်ပေးရပါဘူး

မျက်လုံးလိုင်နာ ထူထူကြီးဖြစ်သွားတဲ့အခါ

မျက်လုံးတစ်ဖက်နဲ့ တစ်ဖက် မညီ ညီအောင် လိုက်ညှိရင်း ဆွဲတာအရှိန်လွန်သွားပြီး လိုင်နာအထူကြီးဖြစ်သွားတာကတော့ မိန်းကလေးတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခပါပဲ။ လိုင်နာအထူကြီးမဖြစ်ရလေအောင် စဆွဲကတည်းက ပါးပါးမျှင်မျှင်လေးပဲ ဆွဲပေးပါ။

အောက်မျက်ခမ်းနား အရည်လိုင်နာခြယ်ခြင်း

အရည်လိုင်နာကို အပေါ်မျက်ခွံပေါ် ခြယ်ပေးပြီး အောက်မျက်ခမ်းနားကိုတော့ ခဲတံလိုင်နာသုံးပေးပါ။ အထူးသဖြင့် သင်က ချွေးထွက်များတဲ့သူဆိုရင် ပိုတောင် သတိထားသင့်ပါတယ်။

တာရှည်မခံတဲ့ လိုင်နာအသုံးပြုခြင်း

ဖြစ်နိုင်မယ်ဆိုရင် Waterproof လိုင်နာအသုံးပြုပါ။ သင်က ချွေးထွက်များတဲ့သူဆိုရင် ဆိုးထားတဲ့ လိုင်နာက ချွေးနဲ့ ပျံ့ သွားပြီး အလှပျက်သွားနိုင်တာကြောင့် ဂွမ်းကြပ်တံလေး ဆောင်ထားပေးပါ။

လိုင်နာနဲ့ မျက်တောင်ကြားမှာ အကျယ်ကြီးကြီး ဟနေတာမျိုးလည်း မဖြစ်သင့်ပါဘူး၊ မျက်တောင်မွှေးနဲ့ နီးနိုင်သမျှ နီးနီးသာ ဆွဲပါ

လက်တွန့်မသွားအောင် လက်ကို ငြိမ်ငြိမ်ထားဆွဲပါ

လိုင်နာဆွဲတဲ့အခါ မျက်ခွံအရေပြားကို ဆွဲမဆန့်ထားသင့်ဘူးနော်

အောက်မျက်လုံးအတွင်းထဲအထိ လိုင်နာဆွဲတာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်

အောက်မျက်ခမ်းနားကို ခဲတံလိုင်နာဆွဲပြီးတဲ့အခါမှာ Blend လုပ်ပေးပါ၊ ဒါပေမဲ့ ထူထူပိန်းပိန်းကြီး Blend လုပ်မိမယ်ဆို ပန်ဒါမျက်လုံးလိုဖြစ်သွားလိမ့်မယ်နော်

Source: Brightside.me